𝙸𝚍𝚘𝚕*7*

4.9K 563 61
                                    

Uni

အသူရာနေမင်းသည်ကမ္ဘာ၏အောက်​ခြေ
ဘက်အခြမ်းမှတဖြည်းဖြည်းပေါ်ထွန်းလာကာ ကမ္ဘာမြေသို့အလင်းရောင်ဆောင်ကြဥ်းပေးလေပြီ ထိုအလင်းရောင်ကိုအုတ်များဖြင့်ကာရံထားသောကြောင့်မမြင်ရသော ကောင်လေးနှစ်ယောက်မှာတော့ နိုးစက်၏အသံကို အားကိုး၍နိုးထလာရသည်

နိုးစက်သံမှကျယ်လောင်စွာမြည်နေသောကြောင့် နှစ်ယောက်လုံးမနိုးခြင်နိုးခြင်ဖြင့်ထရတော့သည်

နိုးစက်သည် Taehyung ဘက်တွင်ရှိနေသောကြောင့် Taehyung သာထပိတ်ရသည်

"Jimin ထတော့"

ထ ထိုင်ကာစောင်ခြုံပြီးပြန်အိပ်သော Jimin ကိုလှုပ်ကာနိုးလိုက်သည် သူကိုယ်တိုင်လဲမျက်လုံးပင်မပွင့်

"ဟင် ငါအိပ်ခြင်သေးတယ်"

"မအိပ်ခြင်နေနဲ့တော့ ငါတို့အလုပ်ရှိတယ်"

ဟုတ်ပါသည် Taehyung ရော Jimin ပါ cafè ဆိုင်သေးသေးလေးတွင်အချိန်ပိုင်းအလုပ်လုပ်နေသည်
အကြောင်းမှာသူတို့နှစ်ယောက်တွင်ပိုက်ဆံပျက်နေသည့်အပြင်ထို cafè ဆိုင်လေးသည် JungKook နှင့်တွေ့ဆုံခဲ့သောဆိုင်လေးဖြစ်သောကြောင့် နောက်တစ်ခါဆုံစည်းလိုညား ထိုဆိုင်ကိုရွေးခဲ့ခြင်းဖြစ်သည်

ကံကောင်းထောက်မစွာဖြင့်ထိုဆိုင်တွင်လဲဝန်ထမ်း၂ယောက်လိုနေသည့်အချိန်ဖြစ်သည် ပိတ်ရက်၂ရက်တွင်တစ်နေကုန်အလုပ်ဆင်းကာ ကြားရက် Tue နဲ့ Thurs ကိုတော့ ညဘက်အချိန်းပိုင်းလုပ်သည်

"ဘယ်နှနာရီထိုးပြီလဲ"

"8နာရီရှိပြီ ထတော့"

Jimin မှအိပ်ချင်မူးတူးဖြင့်အချိန်မေးလာသောကြောင့် Taehyung ပြန်ဖြေလိုက်ခြင်းဖြစ်သည်

"ငါအရင်မျက်နှာသွားသစ်လိုက်အုန်းမယ် Jimin ပြန်မအိပ်နဲ့နော်"

"အေးပါ"

ထိုင်လျက်ခေါင်းအုန်းလေးဖက်ကာမျက်လုံးမပွင့်ဘဲပြန်ဖြေလာသော သူငယ်ချင်းလေးကိုကြည့်ရင်း Taehyung ရယ်လျက်ခေါင်းခါကာ မျက်နှာသစ်ရန်ထွက်လာခဲ့သည်

Taehyung ရေချိုးခန်းထဲဝင်ကာအရှေ့မှမှန်ကိုကြည့်ပြီးရေဖွင့်ကာ အရင်သစ်သည် ထို့နောက်မျက်နှာသစ်ဆပ်ပြာသုံးပြီးသွားတိုက်လိုက်သည်
ရေများဖြင့်စိုနေသောမျက်နှာနုနုလေးကို မျက်နှာသုတ်ပဝါဖြင့်ဖြည်းညင်းစွာသုတ်ကာထွက်လာခဲ့သည်

𝙼𝚢 𝙿𝚛𝚎𝚌𝚒𝚘𝚞𝚜 𝙸𝙳𝙾𝙻 {COMPLETED}Where stories live. Discover now