#unicode
Love Devotion ❤️⟨⟨အခွက်ပြောင်လာတဲ့ဒယ်ဒီရှောင်း⟩⟩
ရှောင်းဝမ်အသံကြားခါမှ ရိပေါ်တစ်ယောက် ရှက်ကိုးရှက်ကန်းနဲ့ တွန်းထုတ်လို့ နှစ်ယောက်သား နီးကပ်ခြင်းကို ဖယ်ခွာလိုက်၏။ ပြီးနောက် နေရာတကျ ပုံမှန်အတိုင်း တည်တည်မတ်မတ်ပြန်ထိုင်ရင်း လုပ်ချောင်းများကိုသာ ဟန်ရတော့သည်။နှင်းဖတ်လိုအသားအရည်ဖြူဥတဲ့သူတစ်ယောက်မို့ နားရွက်ဖျားလေးတွေ ရဲတွတ်နေတာက ရှောင်းကျန့်အား တစ်မျိုးဆွဲဆောင်နေပြီး စချင်စိတ်ဖြစ်ပေါ်စေသည်။
"အား ကိုယ့်ရဲ့ နတ်သားလေးနှုတ်ခမ်းဆီက လုစားရတာမို့လားမသိဘူး ဝက်အူချောင်းလေးက သိပ်သိပ်ကို အရသာရှိချက်ပဲ"
ကလေးတွေအရှေ့လည်း အရှက်မရှိတဲ့ ရှောင်းကျန့်ကတော့ နှုတ်ခမ်းတောင် သပ်ပြလိုက်ပါသေး၏။
ပြီးနောက်...
"ရှောင်းလေးက ဒီနေ့နောက်ဆုံးဘာသာဖြေရမှာမဟုတ်လား"
အခြေအနေကို မူလအတိုင်း ပြန်တည်မတ်ရင်း ရှောင်းဝမ်ဘက် လှည့်လို့ စကားစလာပြန်တဲ့ ဒယ်ဒီရှောင်း။
"ဟုတ် ဒယ်ဒီ"
"စာတွေအကုန်ရပြီမလား ဒယ်ဒီတို့ ရှောင်းလေးက ဒီတစ်ခါလည်း အမှတ်အများဆုံး ပထမနေရာကို ယူဖို့အသင့်ပဲ ဟုတ်"
"ဟီး ဒယ်ဒီသာ သားကို ဘာဆုချရမလဲ စဉ်းစားထားလိုက်"
ကိုကြီးစကားကို အားကျမခံ သူတို့ပါအတန်းထဲမှာ ဘယ်လောက်တော်ကြောင်း အလုအယက်ပြောလာတဲ့ အငယ်နှစ်ယောက်..။
"ဒယ်ဒီ ဒယ်ဒီ ကိုကို့ကိုပဲ ဆုမချနဲ့လေ သားသားနဲ့ ညီမလေးလည်း အခန်းထဲမှာ ပထမနေရာပဲ သားတို့ကိုလည်း ဆုချ..! သားသားဆိုရင် အရောင်ခြယ်ပြိုင်ပွဲမှာလည်း ပထမနေရာ၊ alphabet တွေရွတ်တဲ့နေရာမှာလည်း အမြန်ဆုံးပဲ"
"ဟုတ်တယ် ဒယ်ဒီ မီးမီးလည်း weekly testနဲ့ monthly test တွေမှာလည်း full markပဲရယ်... တစ်လုံးလေးတောင်မှားတယ်ဆိုတာ ချိုးရိတို့ ရာဇဝင်မှာမရှိဘူး... ပြီးတော့ ပါးပါးနဲ့ ဒယ်ဒီတို့ရဲ့ only daughterလေး ဟောဒီက ချိုးရိက primary school တစ်ခုလုံးမှာပါ queen ဘွဲ့ရထားတာ ဟီးဟီး"
ESTÁS LEYENDO
LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)
FanficUnicode+ Zawgyi ZSWWSZD ✔️ [50parts+ 6extra] #Unicode ခရမ်းပွင့်ရောင် lilac ပန်းတွေရယ်... ကိုကို့ နာမည်လေးထွင်းထားတဲ့... ပုဝါဖြူလွလွလေးရယ်.... ကိုကို ကြိုက်တဲ့ Green Tea လေးရယ်... ပြီးတော့ ကျွန်တော်တို့ရဲ့ကိုယ်ပွားလေးရယ်... #Zawgyi ခရမ်းပွင့်ရောင် l...