အပိုင်း-၂၃ .(အပိုင္း-၂၃)

4.6K 282 18
                                    

Unicode

သူ့ခြေလှမ်းတို့သည် ရင်ခုန်ချင်းများစွာနဲ့ လျှောက်လှမ်းလာခဲ့သည်။ ရင်ခုန်စိတ်လှုပ်ရှားမှု့ကြောင့် ခြေဖျားလက်ဖျားများပင်အေးစက်လို့နေသည်။ သူအမြင်မမှားနိုင်လောက်ပါ။ သတိရတဲ့စိတ်ကြောင့် အမြင်များမှာလေးသလားလို့ပင်ထင်မိတဲ့အထိဖြစ်မိသည်။ သူ့အသိအာရုံတစ်ခုဟာ ဘယ်လိုလုပ်လွဲနိုင်မည်လဲ။ တစ်နှစ်ကျော်လောက်သာ ရင်းနှီးကျွမ်းဝင်ချစ်ခဲ့ရသောကောင်လေးရဲ့ အသွင်အပြင်ဘယ်လောက်ပင်ပုံစံပြောင်းသွားပါစေ သူမှတ်မိနိုင်ပါသည်။ မျက်လုံးများကအမြင်မှားနေခဲ့လျင်တောင် သူ့ရဲ့ဘယ်ဘက်မှာရှိတဲ့နှလုံးသားတစ်ခုကတော့ ဘယ်တော့မှမှားမည်မဟုတ်ပါ။ ခြံတံခါးကိုတွန်းဖွင့်ကာ သူတရွေ့ရွေ့လျှောက်လာမိခဲ့သည်။ ဟိုအရင်ကဆိုလျှင် သူဒီခြံဒီအိမ်ထဲကိုအခေါက်ပေါင်းများစွာဝင်ထွက်သွားလာခဲ့သည်မှာ ပေါ့ပေါ့ပါးပါးပင်ဝက်ထွက်သွားလာခဲ့သည်။ အခုမှာတော့ သူ့ခြေလှမ်းတို့သည် လေးလံသောအရာဝတ္ထုတစ်ခုကဆွဲငင်ထားသလားလို့ပင်ထင်ရလောက်အောင် တုံ့ဆိုင်းနေမိသည်။ အိမ်ကြီးနဲ့နီးကပ်လာတာနဲ့အမျှ သူ့ရင်ခုန်သံတို့ကလဲကျယ်လောင်လွန်းလာသည်။ အိမ်ထဲမှရယ်မောသံအချို့သည် သူလာရာဆီသို့ပျံ့လွင့်လို့လာသည်။ အိမ်ပေါက်တံခါးဝရောက်တာနဲ့ ဧည့်ခန်းတွင်အန်တီကေသရီနဲ့ သူမမြင်ဖူးပါသောကောင်လေးတစ်ယောက်ရယ် သူအရမ်းသတိရနေပါသော တစ်ချိန်ကချစ်ခဲ့ရသောလုံးလုံးကိုမြင်တွေ့လိုက်ရသည်။ အရာအားလုံးနေသားတကျဖြစ်နေခဲ့ပါသော်လည်း နေသားမကျနိုင်သေးသူကဒီပါစစ်မှုးတစ်ယောက်ပင်။လေးနှစ်ကျော်မမြင်မတွေ့ခဲ့ရသောလုံးလုံးမျက်နာ၊ လုံးလုံးအသံတို့ကိုသူလွမ်းနေခဲ့ပါသည်။ ဟိုအရင်ကလိုပင် ဘာမှပြောင်းလဲမသွားခဲ့ပါ။ ဟိုအရင်ကသူသိခဲ့သောလုံးလုံးဟာ အခုလုံးလုံးဆိုကောင်ကောင်လေးကအများကြီးပိုချောပိုခန့်လာတာကိုတော့ဝန်ခံပါသည်။ အိမ်ထဲသို့မဝင်ပဲ အပေါက်ဝမှာတင်ရပ်ကာ တမေ့တမောသူငေးကြည့်နေမိသည်။ သူရောက်နေတာကိုပင် သတိမထားမိလောက်အောင် ရယ်မောပျော်ရွှင်နေသောကောင်လေးသည် တစ်ချိန်ကသူမသိအောင်ငိုနေသောကောင်လေးနဲ့ဘာမှမသက်ဆိုင်တော့သလိုပင်။ သူဘယ်လောက်ကြာအောင်ငေးကြည့်နေမိတယ်မသိပါ။

ဘေးအိမ်ကကိုလူချော(ေဘးအိမ္ကကိုလူေခ်ာ)(Unicode&Zawgyi) (Complete )Où les histoires vivent. Découvrez maintenant