40

9.2K 1.5K 109
                                    

ခေတ်တစ်ခေတ်၏ ကောင်း၏မကောင်း၏ ဟူသော အခြေအနေသည် ထိုခေတ်ကိုအုပ်စိုးသော အစိုးရနှင့်ပြည်သူတို့အပေါ် အပြည့်အဝမူတည်နေ၏။

နိုင်ငံ၏ စီးပွားရေးနှင့်ပညာရေးအပြင် နိုင်ငံရေးသည်လည်း မငြိမ်မသက်ပေ။ အစိုးရိမ်ကြီးလွန်းသောမိဘဆွေမျိုးများကတော့ ကျောင်းတက်နေသောသားသမီးများကို အသည်းအသန်ပြန်ခေါ်နေကြလေပြီ။ ထိုအထဲတွင် တီတာဆွေလည်းပါဝင်လေ၏။ အမှန်ဆိုလျှင် မနှစ်ကတည်းက ဘွဲ့ရပြီးလောက်ပြီ။

တစ်သက်မှာတစ်ခါချစ်ခဲ့ရသော နှလုံးသားသည် အစိတ်စိတ်ကွဲကြေသွားရရှာသည့်အတွက် စာတမ်းဖတ်ပွဲ​ ပြုလုပ်ရမည့်မနက်တွင် တီတာဆွေတစ်ယောက် ပျောက်ဆုံးသွားခဲ့လေ၏။

.......................................

" မရောက်သေးဘူးလား "

" မရောက်သေးဘူး ... တတိယမြောက်က သူ့အလှည့် ဟုတ်တယ်မလား "

ကျမ်းပြုစုရသည့် နောက်ဆုံးနှစ်ကျောင်းသားများသည် အဖွဲ့လိုက်ခွဲကာ စာတမ်းဖတ်ပွဲပြုလုပ်ရ၏။ သုံးကြိမ်မြောက် စာတမ်းဖတ်ပွဲသည် ယခုမနက်ဖြစ်လေသည်။ နောက်ဆုံးအကြိမ်ဖြစ်ပြီး ဤစာတမ်းဖတ်ပွဲ၌ အကြီးအကဲဆရာဆရာမများနှင့် ဖိတ်ကြားထားသည့် ပြင်ပအကဲဖြတ်ဆရာတို့ထံမှ ခွင့်ပြုချက်ရသည်နှင့် ဤစာတမ်းကို မော်ကွန်းထိန်းထံတစ်အုပ်၊ စာကြည့်တိုက်တွင်တစ်အုပ်၊ ဌာနတွင်တစ်အုပ်အပ်နှံလိုက်ရုံဖြင့် ကျမ်းပြုစုခြင်းကဏ္ဍသည် အောင်မြင်ပြီ။

နောက်ဆုံးနေ့တစ်ရက်သာ ကျန်တော့သည်ဖြစ်၍ ကျမ်းစာပြုစုသူကျောင်းသားကျောင်းသူများသည် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ကြလေပြီ။ တစ်နှစ်ပတ်လုံးကြိုးစားလာသမျှသည် ယနေ့ခွင့်ပြုပြီဆိုသော ထောက်ခံချက်ရသည်နှင့် မဟာဘွဲ့ရတော့မည်။

ထိုသို့စိတ်လှုပ်ရှားနေသော လူများထဲတွင် တီတာဆွေမရှိနေပေ။ သူငယ်ချင်းများအချင်းချင်း လိုက်လံမေးမြန်းနေသော်လည်း တီတာဆွေ ဘယ်ရောက်နေသည်ကို မည်သူမျှမသိကြ။

ထိုနေ့က တီတာဆွေရောက်မလာခဲ့သလို မဟာဘွဲ့အပ်နှင်းခံရမည့်ကျောင်းသားစာရင်းတွင်လည်း တီတာဆွေဟူသောအမည် ပါမလာခဲ့။

အိုဘယ့်မှုံရွှေရည်(Completed)Tempat cerita menjadi hidup. Temukan sekarang