Part.9{U+Z}

2K 121 0
                                    

(Unicode.)

ဒီနေ့က​ ဝမ်ရိပေါ်နဲ့ကျန့်ကျန့်တို့က ရိပေါ်ဖွားဖွားကိုသွားတွေ့ကြမှာဖြစ်တဲ့အတွက် ကျန့်ကျန့်က ထိုင်ရမလားထရမလားဖြစ်နေပါသည်။

"ကလေးလေး ဘာဖြစ်လို့လဲ..."

"ဟိုလေ ကိုကို့  ဖွားဖွားက ကျန့်ကျန့်ကိုသဘောကျပါ့မလား.."

"ကလေးလေးရယ်  ကိုကို့ဖွားဖွားက ကလေးလေးကိုသဘောကျပါတယ်...စိတ်မပူပါနဲ့နော်...
လာ အက်ျီလဲကြမယ်နော်...."

ဝမ်ရိပေါ်နဲ့ ရှောင်ကျန့် ပြင်ဆင်ပီးသွားကြတော့
အိမ်ကနေထွက်လာခဲ့ကြသည်....။ရွယ်ယန်ကပဲ ကားမောင်းပေးသည်..။

ဖွားဖွားအတွက်မုန့်တွေ လဲအစုံပါသွားခဲ့ပါသည်..

ဖွားဖွားရဲ့စံအိမ်ရှေ့ရောက်တော့  အိမ်ဖော်တွေက ခြံတံခါးလာဖွင့်ပေးပီး ....ဝင်လာ ခဲ့ကြသည်...

ဖွားဖွားကတော့ တံခါးဝမှာ ခေါင်းတမျှော်မျှော်နဲ့ထွက်စောင့်နေသည်..
ဝမ်ရိပေါ်နဲ့ကျန့်ကျန့်ကားပေါ်ကနေဆင်လာကြတာတွေ့တော့

"ဟော မြေးလေးတို့ Welcome ပါကွယ်.."

" ဖွားဖွား..."

ရိပေါ်နဲ့ကျန့်ကျန့်လဲ ဖွားဖွားဆီလျှောက်လာခဲ့ကြသည်...

" နီဟောင် ဖွားဖွား နေကောင်းပါရဲ့လားဗျ...."
ရှောင်ကျန့်က ဖွားဖွားကိုတွေ့တော့ ခါးကိုကိုင်းလိုက်ပီး အရိုအသေနှုတ်ဆက်လိုက်သည်။

ရှောင်ကျန့်ရဲ့ ထိုအမူအရာကြောင့် ဝမ်ရိပေါ်က သူ့ကလေးကို ပိုပိုပီးချစ်လာနေရပါသည်။

"အိုက်ယားချစ်စရာလေးကွယ် ဖွားဖွားနေကောင်းပါတယ်ကွယ့်..လာလာအိမ်ထဲဝင်ကြမယ်"
ပြောပီး ကျန့်ကျန့်လက်ကိုဆွဲသွားလိုက်သည်..

ဝမ်ရိပေါ်က နောက်ကနေလိုက်သွားသည်။

ကျန့်ကျန့်ကိုဘေးမှာထိုင်ခိုင်းလိုက်ပီး
"အာ့ကြောင့် ဖွားဖွားမြေးလေးက သဲသဲလှုပ်ဖြစ်နေတာကိုး....ဒီလောက်ချစ်ဖို့ကောင်းနေတာကို....ကြည့်ပါအုံး"

"ဟီးဟီး...ဖွားဖွားကကျန့်ကျန့်ကိုမြှောက်နေပြန်ပီး"

" မမြှောက်ရပါဘူးကွယ် သားနားမည်ကရော..."

  💚Sweet Love❤️(Completed)Onde histórias criam vida. Descubra agora