Part.11{U+Z}

1.9K 92 1
                                    

(Unicode.)

ဘာလိုလိုနဲ့ စာမေးပွဲဖြေဖို့လဲနီးလာပီး ဆိုတော့ ကျန့်ကျန့်ရယ် ကျင်းလင်ရယ်မျန်မျန်ရယ် ကျန့်ကျန့်တို့အိမ်မှာပဲ စာလာလုပ်ကြသည်. . .
အမ်း မျန်မျန်နဲ့ ကျင်းလင်ကတော့ ချစ်သူတွေဖြစ်သွားကြ ပါပီး .....အဲ့ဒီအကြောင်းတွေကိုတော့ ကျန့်ကျန့်ကိုမပြောပြကြပါ....
မပြောရဲတာဆိုလဲမမှားပါဘူး....ရှက်နေကြတယ်ဆိုတော့.

ကျန့်ကျန့်ကတော့ သူတို့နှစ်ယောက်ရဲ့အပြုအမူတွေကိုထူးဆန်းနေပါတယ်လို့ ထင်နေခဲ့သည်...
အရင်တုန်းကဆို ပြောမနာဆိုမနာ ခေါင်းရိုက်လိုက် နဲ့ စလိုက်နဲ့ အခုကတော့နှစ်ယောက်သား ဂရုစိုက်ပေးနေကြ အသီးတွေဆိုလည်းအခွံခွာပေးနေကြဆိုတော့

"နေပါအုံး နင်တို့နှစ်ယောက်ပုံစံကထူးဆန်းနေတယ် ငါကြည့်နေတာကြာပီး..ပြော ကျန့်ကျန့်ကို ဘာတွေလျှို့ဝှက်ထားလဲ.."

"ဟမ် ဘာမှမလျှို့ဝှက်ထားပါဘူး...ငါတို့ကဘာမှမဖြစ်ပါဘူး ဟုတ်တယ်မလားမျန်မျန်.."

"အင်း..အင်းလေ ..ကျန့်ကျန့်ကလဲ ငါတို့က ဘယ်မှာထူးဆန်းလို့လဲ.."

"မဟုတ်သေးပါဘူး ထူးဆန်းနေပါတယ် ....."
ကျန့်ကျန်ကတော့သူတို့နှစ်ယောက်ကိုမျက်စောင်းထိုးပီးကြည့်နေသည်။ထိုစဥ်

ဝမ်ရိပေါ်ရောက်လာတော့...
"ကလေး သိချင်လားသူတို့က ကလေးကိုဘာတွေလျို့ဝှက်ထားလဲဆိုတာ"
တကယ်တော့ ဝမ်ရိပေါ်ကသူတို့နှစ်ယောက်ကိုရိပ်မိနေတာကြာပါပီး..

"ဟာ.ကိုကို....လာထိုင်
ကလေးသိချင်တာပေါ့ ..သူတို့လဲမပြောပြဘူး.."

"အမ် သူတို့က ချစ်သူတွေလေ."
ဝမ်ရိပေါ်ပြောချလိုက်တော့မှ *

"ဟမ်...တကယ်ကြီး ..."

ကျင်းလင်နဲ့မျန်မျန်က ဘာပြန်ပြောရမှန်းမသိတော့.ပါ။

"တကယ်ကြီးလားကျင်းလင်...
ပြောလေမျန်မျန် တကယ်လားလို့"

"ဟယ်ဟယ်..အင်း."

"ကျန့်ကျန့်ကိုဘာလို့မပြောပြတာ ဟွန့် သူငယ်ချင်းပီသတယ်နော် မျန်မျန် ကျင်းလင်.."

"အယ် ငါတို့လဲ ဘယ်လိုစပြောရမှန်းမသိလို့ပါ"

"ပြောပါအုံးဘယ်ကတည်းကလဲ..."

  💚Sweet Love❤️(Completed)Where stories live. Discover now