Unicode
ကျွန်တော့်နာမည်က "ဝမ်ရိပေါ်" ပြောရရင်တော့ အချောလေးပေါ့ ဟဲ..။
အဲ့တာထားပါ ကျွန်တော့်မှာ ယုန်ဝတုတ်လေးနဲ့တူတဲ့ ရည်းစားတစ်ယောက်ရှိတယ်။ သူ့နာမည်က"ရှောင်းရှောင်ကျန့်"
ကောက ကျွန်တော့်ထက် ၂နှစ်ကြီးတယ်။
ကျွန်တော်တို့ ဇာတ်လမ်းအစက ဒီလို⤵ဘုတ်...
"အောင်မလေးးး သေပါပီ"
"ဟို..ရရဲ့လား"
"မရဘူး.. ဘာကြောင်ကြည့်နာလဲ ထူပေးအုံးလေ"
"အော်.. အင်း.ထ. နာသွားသေးလား"
"မနာဘဲနေမလားဗျ ခင်ဗျားအားကြီးနဲ့ ဝင်တိုက်တာ အဲ.စီနီယာ"
"သွေ့ပုချိ"
"ရပါတယ်။ ကျွန်တော်လဲ သွေ့ပုချိ စီနီယာ့ အပေါ်ရိုင်းပျသွားရင်"
"အာ...မဟုတ်တာ. ကလေး.အဲ.မှားလို့.ဟို
ရိပေါ် အဆင်ပြေရဲ့လား ""ဟုတ် ရပါတယ်။ ဒါဆို ကျွန်တော် သွားလိုက်ပါအုံးမယ်.. စီနီယာ။"
ရိပေါ်ထွက်သွားမှ ရှောင်ကျန့်အသက်ဝဝ
ရှူနိုင်တော့တယ်။ ဘာပဲဖြစ်ဖြစ် ပထမဆုံး ခြေလှမ်းလေးတော့ အောင်မြင်သွားပီ😁။အမှန်တော့ အဖြစ်ကဒီလို။⤵ရှောင်ကျန့် ရိပေါ်ကို ကြိုက်နေတာကြာပါပီ ဒါပေမယ့် မလိုက်ရဲလို့ရှောင်နေခဲ့တာ။ အဲ့ဒီမှာ ပိုဆိုးတော့တာပဲ မမြင်ရအောင်ရှောင်ပါတယ်ဆို သစ္စာမရှိတဲ့ခြေထောက်တွေက သူ့အတန်းနားရောက်သွားလိုက်။ စာသင်နေလည်း
အတန်းထဲက လူတွေအကုန်လုံးကိုလေ
ဝမ်ရိပေါ်လို့ မြင်ပီးလိုက်ရီပြနေလို့
ဆရာမအပြစ်ပေးတာ ခံရလိုက်နဲ့.ဟူးးးး"ရှောင်ကျန့်တို့ ဘဝက လွယ်ကူမနေဘူး
တော်ပီ မတွေးတော့ဘူးကွာ မုန့်စားတာပဲကောင်းတယ်""ဟျောင့် ရှောင်ကျန့် မင်းရုပ်ကြီးကလဲ
လင်ပူမိနေတဲ့ပုံကြီးနဲ့ ဘာဖြစ်နေတာလဲ"........"
"ဟျောင့်"
"မင်းဘယ်လိုသိလဲ ငါအဲ့လောက်တောင်သိသာနေတာလားး"
"ဟမ်. ဘာကို...အမ်..နေပါအုံးး မဟုတ်မှ
မင်းတကယ် လင်ပူမိနေတာလား"
YOU ARE READING
对不起 [Duìbùqǐ]
Fanfiction"ကိုယ်မှားခဲ့တဲ့ အမှားတွေရှိတာမို့ *သွေ့ပုချိ* ဆိုတဲ့စကားလေးပဲ ပြောပါရစေ" "ကိုကို့ကို အထင်လွဲခဲ့မိတာတွေအတွက် *သွေ့ပုချိ* လို့ပြောပါရစေ" အခုမှစာစရေးတဲ့ အာသာပေါက်စပါ တစ်ဉီးတည်းသော followerလေးအတွက် upပေးလိုက်ပါတယ်😁 ...