Unicode
'နေရောင်ကိုမျှော်သူ'
Kim seokjinဆိုတဲ့ကျွန်တော့ရဲ့ဘ၀က စောင့်မျှော်ခြင်းတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်.. ဟောဒီကနေကြာပန်းလေးတွေလိုပေါ့..
ကျွန်တော်လူမှန်းသိတတ်စအရွယ်မှာမျှော်ခဲ့ရတဲ့ ကျွန်တော့်ကိုမွေးခဲ့တဲ့အမေ...
ကျွန်တော်မှတ်မိနေသေးတယ်..
အမေ့ရဲ့နောက်ကိုပြန်လှည့်မကြည့်တဲ့နောက်ကျောပုံရိပ်..
ပီးတော့သူမကပြောခဲ့သေးတယ် ကျိန်းသေပြန်လာခေါ်မယ်တဲ့..
ဒါကယုံချင်စရာကောင်းတဲ့စကားလားဗျာ.. ဒါပေမဲ့3နှစ်သားလေးကျွန်တော်ကတော့ အကြွင်းမဲ့ယုံကြည်ခဲ့ပါသတဲ့..အဲဒီညကမြူခိုးတွေဝေနေခဲ့တာ မြင်ကွင်းတခုလုံးလဲအမှောင်တွေပဲ..
ကျွန်တော့ကိုအဖော်ပြုပေးတာဆိုလို့ အမေချည်ပေးခဲ့တဲ့တိုင်လေးက စက်ဘီးသော့လေး..
အေးစက်လွန်းလို့တုန်ယင်နေတဲ့ကျွန်တော့ရဲ့လက်တွေ..
ညစာမစားရသေးတဲ့အတွက် ဆာလောင်နေတဲ့ ဗိုက်..
မကြာခင်မှာပဲကျွန်တော်ရဲ့ကမ္ဘာဟာအမှောင်လောကထဲကျရောက်သွားပါတော့တယ်..ကျွန်တော်နိုးလာတော့ ဖြူလွလွနံရံတွေနဲ့အတူ နှစ်ထပ်ကုတင်တွေ..
အဲဒီအပြင် အနက်ရောင်၀တ်စုံ၀တ်ဆင်ထားတဲ့အမျိုးသမီးကြီးတဦး..
သူမရဲ့အပြုံးတွေကနူးညံ့ညှင်သာတာပဲ..
အဲဒီနေရာမှာ ကျွန်တော့အပြင် တခြားကလေးတွေလည်းအများကြီးရှိနေလေရဲ့..
ကျွန်တော်ဟာ သက်တူရွယ်တူကလေးတွေနဲ့ပျော်ရင်းပါးရင်း အမေ့ကိုမျှော်နေဖို့လည်းတရက်မမေ့ခဲ့ပါဘူး..
အမေကလာမခေါ်ခဲ့ပင်မဲ့ပေါ့..နောက်တော့သိလိုက်ရတာက ဒီနေရာကမိဘမဲ့ကျောင်းတဲ့လေ..
မိဘမရှိတဲ့သူတွေလာတဲ့နေရာတဲ့..
ကျွန်တော်ကဘာလို့ရောက်နေတာလဲ...
ဟင့်အင် ကျွန်တော်မိဘမဲ့မဟုတ်ဘူးနော်..
ကျွန်တော့မှာအမေရှိတယ်..
တချို့ကပြောကြတယ် ကျွန်တော့အမေကကျွန်တော့ကိုစွန့်ပစ်သွားတာတဲ့..
မဟုတ်ဘူး ကျွန်တော်မယုံဘူး..
အမေကပြောခဲ့တယ်
ကျိန်းသေပြန်လာခေါ်မယ်တဲ့..
ကျွန်တော့အမြဲတမ်းအမေ့ကိုစောင့်နေခဲ့တယ် ဟောဒီကနေကြာပန်းလေးတွေနဲ့အတူပေါ့.. ကျွန်တော်ဒီနေကြာပန်းစိုက်ခင်းလေးထဲအမြဲလာပီး နေထွက်တဲ့အချိန်ကနေ နေ၀င်တဲ့အချိန်ထိအမေ့ကိုေမျှာ်နေခဲ့ပါတယ်..
အခုအချိန်အထိပေါ့..
YOU ARE READING
🌻You are my Sunshine🌻Jinkook One Shot
Romanceနေရောင်ကိုမျှော်သူ ( နေရောင်ကိုမျှော်သူ) (Unicode+ Zawgyi)