29

5.6K 471 12
                                    

ရှောင်းကျန့်တစ်ယောက်အလုပ်ပြန်ဆင်းရတဲ့နေ့မှာပဲ ခွဲခန်း၂ခါ ဆက်တိုက်ဝင်လိုက်ရတော့ လူကအတော်ပြိုင်းနေပြီဖြစ်တယ်... ခွဲစိတ်ခန်းဝတ်စုံကိုလဲပြီး သန့်ရှင်းရေးလုပ်ပြီးတာနဲ့ coffee vending machine မှာ အကြွေစေ့လေးထုတ်လို့ ကော်ဖီသောက်မယ်လုပ်တုန်း ဒေါက်တာချောင်ကလဲ ကော်ဖီယူတာနေတာမို့ ရှောင်းကျန့်ခပ်လှမ်းလှမ်းကနေပဲစောင့်နေမိတယ်...
ခဏနေတော့ ဒေါက်တာချောင်က ကော်ဖီနှစ်ဘူးကိုင်လို့ ရှောင်းကျန့်နားလျှောက်လာသည်...

"ရော့"
"ငါ့အတွက်?"
"ဟုတ်တယ် ကောအတွက် သွားပြီနော်"

ကော်ဖီဘူးကိုရှောင်းကျန့်လက်ထဲထည့်ပြီးတာနဲ့ ဒေါက်တာချောင်ကထွက်သွားပြီး ရှောင်းကျန့်ကတော့ အူလည်လည်နဲ့ကျန်ခဲ့လေသည်။

...

ချောင်ကွမ်းတစ်ယောက် ရှောင်းကျန့်ကိုကော်ဖီတိုက်ပြီး နားနေခန်းသို့ပြန်လာသည်၊ ကော်ဖီပေးလို့အံ့ဩနေတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ပြုံးမိတယ်...တကယ်ဆိုရှောင်းကျန့်ကရိုးသားပါတယ်၊ ကျောင်းသားဘဝမှာဆိုးခဲ့ပေမဲ့ လုပ်ငန်းခွင်ဝင်တဲ့အခါ လူပေါင်းများစွာတွေ့ကြုံရပြီး လူတွေရဲ့စိတ်ဓာတ်ကိုသိလာတာတစ်ကြောင်းမို့ ငယ်စဉ်ကအနိုင်ကျင့်ခဲ့တဲ့ ရှောင်းကျန့်နဲ့လည်း ဆေးရုံတစ်ခုတည်းအလုပ်အတူတူလုပ်နေတုန်း ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်အောင်ပဲကြိုးစားတော့မည်။

နားနေခန်းရောက်တော့ သူ့စားပွဲမှာလူတစ်ယောက်ထိုင်နေတာတွေ့ရတယ်...ဖိုင်တွေထောင်ထားတာမို့မျက်နှာကိုချက်ချင်းမမြင်ရပေမဲ့ အနားရောက်သွားတော့မှ...

"ရိထျန် ဘာလုပ်နေတာလဲ"
"အာ ချောင်ကွမ်း... မင်းကိုစောင့်နေတာလေ မင်းနားနေခန်းကခုံက ငါ့ခုံထက်ထိုင်လို့ပိုကောင်းလို့ ထိုင်ကြည့်နေတာ"
"အေးပါကွာ ငါက ဆိုဖာမှာမထိုင်ပဲ အလုပ်စားပွဲမှာဝင်ထိုင်နေတာဆိုတော့ ဘယ်သူများလဲလို့ပါ ဒါနဲ့ ဘာကိစ္စရှိလို့လဲ"
"ငါ မနက်ဖြန်ခွင့်ယူမလို့ကွ မင်းကိုလာပြောတာ"
"ခွင့်ယူတာပဲ ကိုယ့်ဘာကိုခွင့်တိုင်ပေါ့ ငါနဲ့ဘာဆိုင်လို့လဲ"
"မသိဘူး လမ်းကြုံလို့ဝင်လာတာပါကွာမင်းကလဲ တော်ပီ သွားတော့မယ် အော် ပြီးတော့ ဟိုတခါတောင်းတဲ့ကျောင်းတုန်းကပုံတွေလေ ငါမယူတော့ဘူးလို့ မင်းလဲပြန်ရှာမနေနဲ့တော့"

သူငယ်ချင်းIdol💚❤️Where stories live. Discover now