မျက်လုံးဖွင့်လိုက်သည်နှင့် မြင်ရသည်က မျက်နှာကျက်။
သူ့အိပ်ရာထက် ပိုပြီးနူးညံနေတာကြောင့်
သူ့အခန်းမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်
ဘေးဘက်ကို ကြည့်လိုက်တော့ ထိုင်ခုံပေါ်မှာ
ခေါင်းငိုက်ကျပြီး အိပ်နေတဲ့ ရှောင်းကျန့်။.
ဒါတွေကို ဆက်စပ်ပြီးတွေးလိုက်တော့
သူခေါင်းမူးသွားတုန်းက ရှောင်းကျန့်က
သူ့ကို့ နန်းတော်ထဲခေါ်လာခြင်းပင်။အိပ်ရာမှ ထလိုက်ပြီး ခုံပေါ်ငိုက်နေတဲ့
ရှောင်းကျန့်အနားကိုသွားလိုက်သည်။" ဟေ့ ထပြီး ကုတင်ပေါ်သွားအိပ်"
လက်မောင်းကို လှုပ်နှိုးသည့်တိုင် ရှောင်းကျန့်က
မနိုးသေး။
*ဘယ်လိုတောင် အိပ်နေတာလဲ မသိဘူး*
ဟုတွေးပြီး ထပ်နှိုးရပြန်သည်။" ထတော့... မင်းကြီးရှောင်းကျန့်"
" ဟင်...
သူ့ကို မျက်လုံးပြူးပြီး ကြည့်နေတဲ့ ရှောင်းကျန့်က
အိပ်မှုန်စုံဝါးဖြစ်နေသည်။" သက်သာသွားပြီလား ဘယ်နေရာ
နေလို့မကောင်းဖြစ်နေသေးလဲ"" သက်သာသွားပြီ
မင်းကုတင်ပေါ်သွားပြန်အိပ်လေ
ငါပြန်တော့မယ် ဒါနဲ့ကျေးဇူးပဲ"" မှောင်နေပြီကို ဘယ်လိုပြန်မလဲ
လမ်းမှာတစ္ဆေတွေနဲ့ တွေ့ရင်ဘယ်လိုလုပ်မလဲ""ငါမပြန်ရဲအောင် အဲ့လိုတွေလျှောက်မပြောနေနဲ့
လမ်းမှာခုချိန်လူတွေရှိသေးတယ်"" အဲ့ဒါ တစ္ဆေတွေ လူယောင်ဆောင်ထားတာ"
"ဟာ...
"တကယ်ပြောတာ မယုံရင်လဲသွားလေ
အဲ့တစ္ဆေတွေက ဖြူဖြူချောချောကောင်လေးတွေကိုပဲ
ရွေးပြီးဖမ်းစားတာ"" ငါတစ်ခါမှ မကြားဖူးဘူး "
"မကြောက်တက်ရင် ပြန်ပါ
မတားဘူး"" ပြန်မှာ"
ရိပေါ်က အပြင်ဘက်ထွက်လိုက်တော့
ရှေ့မှာစောင့်နေကြတဲ့ ရဲမက်နှစ်ယောက်ကိုတွေ့ရသည်။
အပြင်ဘက်ကိုကြည့်လိုက်တော့ နှင်းတွေဖွဲဖွဲကျလို့
ချမ်းစိမ့်စိမ့်ခံစားရသည်။
လူတွေလမ်းပေါ်မှာများ ရှိသေးလာလို့ကြည့်လိုက်တော့
ျတစ်ယောက်ကိုမှမတွေ့။
အရဲစွန့်ပြီး အပြင်ထွက်ဖို့အလုပ် ခုနကရှောင်းကျန့်ပြောသော
စကားများကိုပြန်ကြားယောင်ပြီး.
ကြက်သီးများပင်ထသွားသည်။
အချိန်ကိုက်ပဲ ခွေးအူသံကကြားရပြန်တော့
နောက်သို့ပြန်ဆုတ်လိုက်ပြီး အဆောင်ထဲပြန်ဝင်သွားလိုက်သည်။
