Unicode
ကိုင်ထားတဲ့ ဘောပင်ကို ခနချပြီး လက်မှာထွက်နေတဲ့ချွေးစေးတွေကို ပေါင်မှာ ပွတ်ဆွဲသုတ်နေရတာ သူရိန်ဘယ်နကြိမ်မှန်းမသိတော့။ ပုဆိုးက နက်ပြာရောင်မို့လို့တော်သေးသည်။ ဖြေနေသည့် tutorial ကို သေချာအာရုံစိုက်နေပေမယ့် အလွဲလွဲ အမှားမှားဖြစ်နေ၏ အဖြေတစ်ခုရဖို့ calculator ကို နှစ်ခါသုံးခါပြန်နှိပ်နေရသည်။ နာရီကြည့်မိတော့ အတန်းချိန်ကုန်ဖို့ ဆယ့်ငါးမိနစ်သာလိုတော့သည်။ အချိန်တွေက ဒီနေ့မှ တော်တော်မြန်နေသလိုပင်။
ဦးဝေဆီက အခုချက်ချင်းပြန်ခဲ့ ဆိုသည့်စကားကြားတာနဲ့ ကိုဇော်ထက်တို့ကို ထားခဲ့ပြီးချက်ချင်း ကျောင်းပြန်ပြေးလာခဲ့ရခြင်းဖြစ်သည်။ ကိုဇော်ထက်တို့မှာကားပါလာတာကြောင့် လိုက်ပို့မယ်ပြောသော်လည်း သူရိန်မစောင့်နိုင်။ တွေ့ရာ bus ကားတက်စီးပြီးပြန်ခဲ့ခြင်းဖြစ်သည်။ ကျောင်းရောက်ရောက်ချင်း ဦးဝေဆီအရင်ပြေးတော့ ခပ်စူးစူးအကြည့်တွေကို ရင်ဆိုင်ရ၏ *tutorial ဖြေပြီးတာနဲ့ ဘယ်မှ မသွားပဲ အတန်းထဲမှာပဲစောင့်နေ* ဆိုတဲ့စကားကို ခပ်ပြတ်ပြတ်ပြောပြီးလှည့်ထွက်သွားတဲ့ ဦးဝေကိုကြည့်ပြီး သူရိန်ကြောက်တာရော ဝမ်းနည်းတာရောပေါင်းပြီး မျက်ရည်ဝဲလာရ၏ ဦးဝေ စိတ်ဆိုးနေပြီလေ။
အခုတော့ tutorial ဖြေပြီးရင် ဦးဝေကိုဘယ်လိုရင်ဆိုင်ရမှန်းမသိ။ ဆယ်တန်းပြီးကတည်းက အရိုက်မခံရတော့တဲ့သူရိန်က ဦးဝေလက်ဆနှင့်ဝေးနေတာတော်တော်ကြာနေပြီဖြစ်သည်။ တက္ကသိုလ် စတက်ကတည်းက ဦးဝေဆီကို ညနေ 6 နာရီဆိုရောက်ပြီး ပုံမှန်စာသွားလုပ်နေကျဖြစ်သည်။ ဆယ်တန်းတုန်းကလိုကြပ်ကြပ်မတ်မတ်မဟုတ်တော့ပေမယ့် သူရိန်နားမလည်တဲ့စာတွေကိုစိတ်ရှည်လက်ရှည်ရှင်းပြပြီး ချက်ချင်းရအောင်လုပ်ခိုင်းတတ်သည်။ Drawing project များကိုတနင်္ဂနွေနေ့တွင် ဦးဝေက အိမ်မှာလာလုပ်ခိုင်းသည်။ ထိုသို့ သူ့အပေါ် ကောင်းလွန်းတဲ့ ဦးဝေကိုသူရိန်စိတ်ဆိုးအောင်လုပ်မိပြန်ပြီ။
တက္ကသိုလ်စတက်ကတည်းက အပေါင်းအသင်းမက်လွန်းတဲ့သူရိန့်ကို ပျက်ဆီးသွားမှာစိုးလို့ဆိုပြီး ဖေဖေကိုယ်တိုင် ဦးဝေဆီ အပ်ခဲ့သည်။ *မောင်ဝေလင်း...အန်ကယ့်သားကို ကြိုက်သလိုဆုံးမ ကျိုးသွား ကန်းသွားရင် အန်ကယ်ဆေးပြန်ကုမယ်*ဆိုတဲ့စကားကြောင့် သူရိန်တစ်ယောက် မျက်လုံးပြူးခဲ့ရသေးသည်။ အခု သူရိန်အပြစ်လုပ်ထားပေမယ့် တကယ်ကျိုးသွားအောင်အရိုက်မခံရဖို့တော့မျှော်လင့်သည်။
YOU ARE READING
သက်ဆိုင်သူ (Unicode+Zawgyi)
General Fictionpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။