ကျန်းချန်... ရှောင်းကျန့်ဆီကပြန်လာပြီးကတည်းက....ဘယ်မှလည်းမသွားဖြစ်ဘဲ....
အခန်းတွင်းအောင်းနေမိသည်။
ဘယ်သူနဲ့မှလည်း...စကားပြောချင်စိတ်မရှိတာကြောင့်...ဖုန်းစက်ပိတ်ကာ....အိပ်ရာပေါ်မှာ...လှဲရင်းဖြင့်.....ရှောင်မိသားစုနှင့်စသိခဲ့ပုံကို...စဥ်းစားနေမိသည်။အဲ့တုန်းက...ကျန်းချန်အသက်..ဆယ့်လေးနှစ်
ပဲရှိသေးသည်။ကျန်းဘိုးဘိုးက...ကျန်းချန်ရဲ့ပါးပါးကို...သဘောမတူတဲ့မိန်းကလေးနှင့်ယူသည့်အတွက်......အမွေပြတ်စွန့်လွှတ်ခဲ့ချိန်
ဖြစ်သောကြောင့်.....ကျန်းအိမ်တော်မှာမနေရဘဲ....လူလတ်တန်းစားများနေသည့်ရပ်ကွက်တွင်သာ...ကျန်းချန်ကြီးပြင်းလာခဲ့ရသည်။
တစ်နေ့တော့....ကျန်းချန်တို့...အိမ်ဘေးကိုရှောင်းကျန့်တို့မိသားစုပြောင်းလာကြသည်။ကျန်းချန်က..ရှောင်းကျန့်ထက်နှစ်နှစ်ကြီးသော်လည်း....သူငယ်ချင်းအရင်းအချာတွေလို....ခင်မင်ခဲ့ကြသည်။နှစ်နှစ်လောက်ကြာတော့......ကျန်းဘိုးဘိုး..နေမကောင်းသောကြောင့်...ကျန်းချန်တို့မိသားစုကို....ကျန်းအိမ်တော်သို့...ပြန်ခေါ်ခဲ့သည်။ဒါပေမဲ့...ကျန်းချန်နဲ့..ရှောင်းကျန့်ကတော့...အဆက်အသွယ်မပြတ်ခဲ့ပေ။
ကျောင်းပိတ်ရက်တွေမှာ...အမြဲတွေ့ဖြစ်ခဲ့ကြသည်။ထို့ပြင်....ရှောင်းကျန့်ပါးပါးက....စီးပွားရေးပြေလည်လာချိန်မှာ.....ကျန်းချန်ပါးပါးနဲ့အတူ....ဆေးရုံတစ်ခုထောင်ကာ...
ရင်းနှီးမြှုပ်နှံခဲ့သည်။ဆရာဝန်တစ်ဦးဖြစ်သော....ကျန်းချန်မားမားကလည်း...လက်ရှိအလုပ်လုပ်နေသောဝမ်ဆေးရုံမှ အလုပ်ထွက်ကာ.... ပါးပါးတို့ရဲ့ဆေးရုံမှာပင်.......အလုပ်ဝင်ခဲ့သည်။ထို့ကြောင့်...မိဘချင်းလည်း
ဆွေမျိုးအရင်းအချာလို...ရင်းနှီးခဲ့သည်။တစ်ဖြည်းဖြည်းအချိန်ကြာလာခဲ့ချိန်မှာ.....ကျန်းမိသားစုနဲ့..ရှောင်မိသားစုရဲ့....ဆက်ဆံရေးက...မပြောင်းမလဲရှိခဲ့ပေမဲ့...
ကျန်းချန်ရင်ထဲမှာတော့.....အရောင်ပြောင်းလဲသွားတဲ့...သံယောဇဥ်ကြိုးတစ်စရှိနေခဲ့သည်။တစ်ခြားတော့မဟုတ်ပေ။
ရှောင်းကျန့်ညီမ...မျမ်မျမ်ဆိုသည့်မိန်းကလေးကြောင့်ပင်။ငယ်ငယ်တုန်းက....ညီမလေးတစ်ယောက်လို...ချစ်ခဲ့ရပေမဲ့.....အရွယ်ရောက်လာချိန်မှာ...မျမ်မျမ်ကို...ကျန်းချန်သဘောကျမိခဲ့သည်။ထို့ကြောင့်...မျမ်မျမ်နှင့်..နီးစပ်အောင်..
မားမားကို..အပူကပ်ကာ....ကျန်းကုမ္ပဏီမှာ....
မျမ်မျမ်..အလုပ်ဝင်ဖြစ်အောင်...ကြံစည်ခဲ့သည်။အလုပ်ဝင်ပြီးနောက်မှာ...မျမ်မျမ်နှင့်...ကျန်းချန်ရဲ့ဆက်ဆံရေး...တိုးတက်လာခဲ့သည်။တစ်ယောက်နှင့်တစ်ယောက်...ဖွင့်ပြောခြင်းမရှိပေမဲ့.....တစ်ယောက်စိတ်ကို..တစ်ယောက်သိနေပြီဖြစ်သည်။
YOU ARE READING
I really need you(Completed)
Fanfictionတစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်မရှိရင် မဖြစ်တဲ့ ပတ်သတ်မှုမျိုးနဲ့ တည်ရှိနေတဲ့ ဖြစ်တည်မှုမျိုး...........။ အဲ့ဒါကျွန်တော်တို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကံကြမ္မာပါပဲ.....။ ရိပေါ်+ရှောင်းကျန့် တစ်ယောက်ရဲ့ဘဝမှာ တစ်ေ...