𝐷𝑜𝑛'𝑡 𝑊𝑜𝑟𝑟𝑦~𝑌𝑜𝑢'𝑙𝑙 𝐵𝑒 𝐹𝑖𝑛𝑒 [𝐽𝑒𝑛𝑠𝑜𝑜]

860 42 0
                                    

~~Part -1 ~~

#Unicode

ကျွန်တော်က မွေးကတည်းကပါရမီထူးတဲ့သူတစ်ယောက်ပါ လူတစ်ယောက်သေဆုံးဖို့တစ်လလောက်အလိုဆို သူတို့ရဲ့ဦးခေါင်းထပ်က အချိန်နဲ့တစ်ပြေးညီတစ်ဖြည်းဖြည်းလျော့နေတဲ့ အချိန်ပြဇယားငယ်လေး ကိုကျွန်တော်မြင်နေရတယ်

ဒီအချိန်ပြဇယားလေးကသူတို့ အသက်ရှင်ဖို့ကျန်ရှ်ိနေတဲ့အချ်ိန်ငယ်လေးက်ိုဖော်ပြလို့နေတယ် ဒီဇယားကိုကျွန်တော်မြင်နေရပြီဆိုရင်တော့ အဲ့ဒီလူရဲ့ဝိညာဉ်ကိုတစ်လအတွင်းသေမင်းကနည်းလမ်းအမျိုးမျိုးနဲ့နှုတ်ယူတော့မယ်ဆိုတာသေချာနေပါပြီ

ဒီလိုထူးခြားတဲ့ဖြစ်ရပ်ကိုကျွန်တော်အသက်  နှစ်ဆယ်ဝန်းကျင်မှာစတင်ကြုံတွေ့ခဲ့ရတယ်

မနက်နိုးနိုးချင်း မီးဖိုချောင်ထဲမှာချက်ပြုတ်နေတဲ့ Mommy ရဲ့ဦးခေါင်းအထက်နားမှာရှိနေတဲ့ [ 29days : 6hrs : 38mins : 5s ] ဆိုတဲ့အချိန်ဇယားကွက်ငယ်လေးတစ်ခု ...

တွေ့တွေ့ချင်းမှာတော့ အရမ်းကိုအံ့ဩခဲ့ရပြီး ကြောက်နေမ်ိတယ် တွေးထားတဲ့အတိုင်းမဖြစ်ပါစေနဲ့လို့ ဘာကြောင့်လဲဆိုတော့ သိပ်မကြာခင်မှာဘဲ Mommy ကအပြင်းဖျားဖျားပြီးဆေးရုံတက်ခဲ့ရလို့လေ နောက်ပြီးသိလိုက်ရတာက ဒီအချိန်ဇယားငယ်လေးကိုကျွန်တော်တစ်ယောက်ထဲဘဲတွေ့နေရတယ်ဆိုတာကိုဘဲ

ဟုတ်ပါတယ် သိပ်မကြာခင်မှာဘဲ သူမရဲ့အသက်ရှင်ဖို့ အချိန်ကကိုယ့်ရဲ့မျက်စိရှေ့မှာဘဲတဖြည်းဖြည်းလျော့လျော့လာပြီး နောက်ဆုံးမှာတော့ သူမကဘဝတပါးကိုကူးပြောင်းသွားခဲ့တယ်

အရာအားလုံးကို သိနေခဲ့ရတဲ့ကျွန်တော်က Mommy အတွက်ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး

အဲ့ဒီအချိန်ကနေစပြီး အသက်ရှင်ဖို့သက်တမ်းတစ်လသာကျန်ရှိတဲ့လူတိုင်းရဲ့ အသက်ရှင်ဖို့ကျန်ရှိနေတဲ့အချိန်ကိုကျွန်တော်တွေ့နေရတယ်

ဒီလိုတွေ့နိုင်ဖို့ဆုတောင်းခဲ့ဖူးကြလား ? ကျွန်တော်ကတော့ငယ်ငယ်ကရုပ်ရှင်တွေကြည့်ပြီး ဆုတောင်းခဲ့ဖူးတယ် လူ့သက်တမ်းကိုမြင်နိုင်ဖို့အတွက်ပေါ့ အဲ့ချိန်တုန်းကတော့ ကိုယ်ချစ်တဲ့သူတွေကိုသေခြင်းတရားကနေလွှတ်မြောက်စေဖို့ကြိုးစားပေးချင်တဲ့စိတ်နဲ့ဆုတောင်းခဲ့ပေမယ့် သေခြင်းတရားကို ကိုယ်လည်းတားဆီးလို့မရဘူးဆိုတာကို အခုမှသိလာရတယ်

𝑆ℎ𝑜𝑟𝑡 𝑆𝑡𝑜𝑟𝑦 (𝐶𝑜𝑙𝑙𝑒𝑐𝑡𝑖𝑜𝑛)Where stories live. Discover now