Let her go

5.3K 286 32
                                    

"Yumi. ........”

"Haha. .... lisaနင်ငါ့အသံတော့မှတ်မိသေးတယ်ပေါ့..... အခုတော့
ဘယ်လိုလဲ ရင်တွေပူနေရပြီမဟုတ်လား...... Jennie kimကို လိုက်ရှာတာတွေ့ရောတွေ့ရဲ့လား....... အဟက်.... ဒီအသံလေးကိုရော မှတ်မိရဲ့လား.......”

"Honey. ......” တိုးဖျော့စွာထွက်ပေါ်လာတဲ့အသံလေးကြောင့် lisaလက်သီးဆုပ်ကာ ကားစတီယာတိုင်ကို ထုလိုက်မိပြီး

"Yumi. .... နင် Jenကိုဘာလုပ်ထားတာလဲ.......... အခု ဘယ်မှာရှိနေလဲ....... ”

"ဟိုး......ဟိုး......ဖြေးဖြေးပေါ့ CEOကြီးရယ်....... ဒီအတိုင်းတော့ဘယ်ရမလဲ....”

"ပြော........ ဘာလိုချင်တာလဲ ပြော..... Jennကို လက်ဖျားနဲ့တောင်ထိဖို့မစဥ်းစားနဲ့.......Yumi. ....” သူအံကြိတ်ရင်းတစ်လုံးချင်းပြောလိုက်သည်.....

"ငါလိုချင်တာနင်ပေးမှာလား........ haha ငါကJennie kimကိုလိုချင်တယ်ဆိုရင်ရော.....”

"တောက်....... နင်ဘာစကားပြောတာလဲ သတ္တိရှိရင် ဖုန်းနဲ့ဘဲပြောမနေနဲ့ လူချင်းတွေ့ပြီးပြောကြတာပေါ့....”

"Lalisa ငါ့ကိုငတုံးထင်နေလား.......Jennie kimကို လိုချင်ကို 1million နဲ့လာရွေး...... အော်... ဝမ် မဟုတ်ဘူးနော်..... ဒေါ်လာ နဲ့......”

"ကောင်းပြီငါဘယ်ကိုလာရမလဲ......”

"ဟိုးထား...... လောလောဆယ် ပိုက်ဆံ ကို ပြင်ဆင်ထားလိုက်..... ပြီးရင်ငါပြန်ဆက်သွယ်လိုက်မယ်...... အော်ပြီးတော့ ဒီကိစ္စကို တခြားသူတွေကိုတခွန်းပြောလိုက်တာနဲ့ Jennie kimကိုတစ်သက်လုံးပြန်မတွေ့ရဘူးမှတ်...”

"Jenကို ဘာမှမလုပ်နဲ့ ငါနင်ပြောတဲ့အတိုင်း ဘဏ်မှာ ပိုက်ဆံသွားထုတ်လိုက်မယ်........” သူဖုန်းချကာ အနီးဆုံးဘဏ်ကို ဝင်ကာ ပိုက်ဆံထုတ်လိုက်သည်.....

ပိုက်ဆံ ကို အိတ်တစ်လုံးနှင့်ထည့်ပြီးကားနောက်ခန်းထဲထည့်လိုက်သည်... ထိုစဥ် ဖုန်းပြန်ဝင်လာသဖြင့် သူကဖုန်းအမြန်ကိုင်လိုက်သည်......

"တော်တယ် lisa.......... ငါ့စကားနားထောင်သားဘဲ........”

"အပိုပြောမနေနဲ့ ငါဘယ်ကိုလာရမလဲသာပြော.......”

"အေးဆေးပေါ့..... ဘယ်ဘက်ကိုကြည့်လိုက်lisa ကားအနက်ရောင်တစ်စီးရပ်ထားတာတွေ့လား....... အဲ့ကားနောက်ကလိုက်လာ..... အော် ပြီးတာနဲ့ဖုန်းကို ပစ်ထုတ်လိုက်တော့..... ” ph ကျသွားသည်နှင့် lisa phကို တစ်ချက်ကြည့်ကာ ပစ်ထုတ်လိုက်သည်..... လမ်းမပေါ်သို့ပစ်လိုက်သဖြင့်ဖြတ်သွားဖြတ်လာကားများကတက်ကျိတ်သွသဖြင့်ဖုန်းကလေးတစစီဖြစ်ကုန်သည်

Love at first sight 😍Onde histórias criam vida. Descubra agora