ဆောင်းရာသီရဲ့ သဘာဝအရ ညဘက် ရောက်သည်နှင့်
တဖြည်းဖြည်း အေးစိမ့်လာတာကြောင့်
ရွာကလူများက ပြောင်းဖူးရိုးတွေကို မီးရှို့ပြီး
အနွေးဓာတ်ပိုရအောင် ထိုမီးပုံနားမှာ စုဝေးထိုင်နေကြသည်။ရိပေါ် အိမ်အပြင်ဘက်ထွက်ကြည့်လိုက်တော့
မီးပုံတွေကို တွေ့ရတာကြောင့် မီးတွေလောင်နေလားလို့တောင် ထင်မိသွားတယ်။
အနားမှာ လူတွေစုထိုင်နေတာတွေ့တော့မှသာ
မီးလှုံနေတယ်ဆိုတာကို သိသွားသည်။" အဲ့ကို သွားကြမလား"
ဘေးနားကို ရောက်လာတဲ့ ရှောင်းကျန့်ကြောင့်
ရိပေါ် ခေါင်းညိတ်ပြလိုက်သည်။ရှောင်းကျန့်က
လူတွေစုပြီး ထိုင်နေတဲ့ မီးပုံနားမသွားပဲ တခြားမြေလွတ်တဲ့နေရာကို
သွားသည်။" ဘယ်ကို သွားဖို့လဲ"
" ခနလေး "
ရှောင်းကျန့်က ပြောင်ဖူးဖက်တွေကို မြေမှာချပြီး
တခြားမီးပုံမှ မီးစကိုယူပြီးရို့်လိုက်သည်။
တခြားသစ်ရွက်ခြောက်တွေလဲ ထည့်ကာ ရို့သေးသည်။" လာထိုင်လို့ရပြီ "
" အင်း..."
မီးစလေးတွေ လေပေါ်တလွင့်လွင့်ဖြစ်နေတာကိုကြည့်ရင်း
ရှောင်းကျန့်က" နောက် နည်းနည်းဆုတ်ပြီး ထိုင် မီးစတွေထိအုံးမယ်"
" အင်း "
" အမှန်တော့ ပြောစရာရှိလို့ ဒီဘက်မှာ
မီးဖိုလိုက်တာ "" ပြောလေ "
" ဘုရင်နေရာကို ရောက်ချင်လို့ ရှောင်းရန့်ကိုသတ်လိုက်တာမဟုတ်ဘူး
ဒီအတိုင်း ဓားကသူ့ဘာသာ ဖြစ်သွားတာ
ဒေါသထွက်သွားလို့ ဖြစ်သွားတာထင်တယ်
အဲ့ဒါကို ဘုရင်နေရာရချင်လို့ ရှောင်းရန့်ကိုသတ်လိုက်တယ်လို့
လူတွေက ထင်နေတယ်
အဲ့ ဒါ ရိပေါ် ရော ဘယ်လိုထင်လဲ"" မတော်တဆ ဖြစ်သွားတယ်လို့ပဲ ထင်တယ် "
" အင်း ကျေးဇူးပါ ရိပေါ်"
" ငါတို့ကြားမှာ ကျေးဇူးတင်စရာမလိုပါဘူး "
" နောက်ဆို အဲ့ဓားနဲ့ လူမသတ်တော့ဘူး"
