##Unicode##✔
ခပ်မိုက်မိုက်ချစ်ကြစို့..
_______________________Devil Hell က Ray လက်ထပ်တွင် တစ်မျိုးတစ်ဖုံ ပြောင်းလဲလာခဲ့သည်..။ လိင်ကျွန်ဆိုတာကို တစ်ဖြည်းဖြည်းနဲ့ ပ ပျောက်အောင်လုပ်ကာ လူကိုစျေးဖြတ်၍ဝယ်ယူခြင်း မရှိတော့သလို အရင်လို Sex ကို ပေါ်ပေါ်ထင်ထင် လုပ်ခွင့်မရှိတော့..။
Club ရဲ့ အဓိကစီးပွားရေးက လောင်းကစားနဲ့မူးယစ်ဆေး ဘက်ကိုသာဦးတည်လိုက်တယ်..။ ယူနန်နယ်စပ်တွင် ကိုယ်ကသူတော်ကောင်းလုပ်ပြီး မူးယစ်ဆေးကိုမဖြန့်ဖြူးလျှင် တစ်ခြားသူက ကိုယ့်ငွေတွင်းကို လက်ဝါးကြီးအုပ်သွားလိမ့်မည်..။
ထို့ကြောင့် ပြောင်းလဲသွားသည် က လိင်ကျွန်မရှိတော့ခြင်း..၊ သို့ပေမယ့် Club မှာ တွေ့ဆုံနေရင်း တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေသွားရင်တော့ တစ်မျိုးပေါ့..။
Boss ရုံးခန်းထဲတွင် လူရွယ်တစ်ယောက်ရဲ့ အက်ရှရှအစီအရင်ခံစာ က ပျံ့လွှင့်လို့နေတယ်..။
"Rainbow Candle ရဲ့ ဝယ်လိုအားတွေ အရင် လ က ထက် သိသိသာသာကိုမြင်တတ်လာပါတယ်..နောက်ပြီး ဘိန်းကိုအရည်အဖြစ် အသုံးပြုချင်တယ့် Customer တွေကလည်း အန္တရာယ်များပေမယ့် ရှိနေဆဲပါ.."
ဆုံလည်ကုလားထိုင်ကြီးမှာ ထိုင်နေသော်လည်း Ray က ဂနာမငြိမ်..။ နားထောင်နေရင်း ခန္ဓာကိုယ်ကို လှည့်ပတ်ဆော့နေကာ..
"အင်း ဆက်ပြော.."
" ဆေးပြား အချို့ကတော့ ဆိပ်ကမ်းကို ခုချိန်ထိမရောက်သေးပါဘူး..၊ ဒီအတိုင်းဆိုရင် ဝယ်လက်ပြောင်းရမယ့် အခြေအနေပါ "
"အင်း..ဟုတ်ပြီ "
ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ရင်း စီးကရက်ကိုနှုတ်ခမ်းနားတည့်ကာ မီးညှိရန်ပြင်တော့..
"သခင်လေး..အလုပ်ခန်းထဲဆေးလိပ်သောက်လို့ မရပါဘူး.."
" အမ်! ငါက Boss လား..? မင်းက Boss လား? "
ပြုံးစစနှင့်မေးခွန်းထုတ်တော့ စက်ရုပ်လူသားလေးက သူ့ကိုမမှိတ်မသုန် ပြူးကြည့်လာတာကြောင့် Ray မှာ တစ်ဝါးဝါးအော်ရယ်သည်..။
" ဖြေလေ Robot ရာ..ဒါနဲ့ကိုယ်က မင်း လင် ဆိုတာရောသိသေးရဲ့လား..? နှစ်ယောက်တည်းရှိတာလေးကွာ ဘာလို့မတ်တပ်ရပ်နေတာလဲ? လာ..ကိုယ့်ပေါင်ပေါ်ထိုင်ပြီး အေးအေးလူလူ ပြောပြ.."
VOCÊ ESTÁ LENDO
သခင်...🔥[[ COMPLETED ]]✔
Fanfic## ZSWW ## Fan fic --------Zhanyi team🔞 [[ Unicode + Zawgyi ]] Kid သာ သခင်ဆို...ဘဝအဆက်ဆက် ဒီကောင်က အစေခံဖြစ်ပါရစေ..။ [[ Fan fic တစ်ခုမျှသာ မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်စေလိုခြင်းမရှိ]] #Ownstory #Sanaymoeswe