Unicode
"သူရိန်......လိုအပ်တာတွေသေချာစစ်မယ်နော်"
"ဟုတ်ကဲ့ ဦးဝေ"
ကားမောင်းနေရင်း သူရိန့်ဘက်လှည့်ပြောလာတဲ့ ဦးဝေကြောင့် အိတ်ထဲသေချာထည့်လာတဲ့ စာမေးပွဲဖြေဖို့ လိုအပ်တဲ့ပစ္စည်းတွေပြန်စစ်ရသည်။ ဘောပင်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်၊ calculator၊ ကျောင်းသားကဒ်.....။ အစုံအလင်ပါသည့်အခါမှ ပေါင်ပေါ်မှစာအုပ်လေးပြန်ကိုင်ကာ သူရိန် ဟိုကြည့်ဒီကြည့်နည်းနည်းပါးပါးလိုက်ကြည့်နေလိုက်သည်။
သူရိန် တို့ first semister ဖြေနေတာဒီနေ့ဆိုသုံးရက်မြောက်ဖြစ်သည်။ ပထမဆုံးဖြေသည့်နေ့က လောလော လောလောနှင့် ကျောင်းသားကဒ်ကျန်ခဲ့သည်ကို စာမေးပွဲခန်းရှေ့ရောက်မှ သိရသည်ကြောင့် ကျောင်းသားရေးရာအမြန်ပြေးပြီး ယာယီဖြေခွင့်ကဒ် အသဲအသန်လုပ်ရသေးသည်။ နမော်နမဲ့နိုင်မှုနှင့် ထိုနေ့က စာမေးပွဲခန်းကထွက်လာလာချင်းပင်ဦးဝေဆီမှ နားရွက်တွေပူထူသွားအောင်ဆွဲလိမ်ခံလိုက်ရသေးသည်။
"အကုန်စုံပြီလား"
"ဟုတ်.....အကုန်စုံတယ် ဦးဝေ"
"အင်း...မေးခွန်းသေချာဖတ်နော်သူရိန်။ စာစစ်ဖို့အချိန်ထားဖြေ။ ညနေကျရင်တော့ taxi နဲ့ပြန်လိုက်အုံး။"
"ဟုတ်ကဲ့...ဦးဝေ က ညနေ အတန်းစောင့်ရမှာလား"
"အင်း..ဟုတ်တယ်။ မင်းကအရင်အတိုင်း ကိုယ့်အိမ်မှာစာလုပ်နေ။ မနက်ဖြန်ကျက်စာနော် သူရိန်။ ရေးကျက်မယ်။ ပြောတဲ့အတိုင်းသေချာလုပ်။ ကြိမ်လုံးမကိုင်ရစေနဲ့"
"ဟီးးး....ဦးဝေကလဲ.....သားသေချာရေးကျက်မှာပါ"
"အင်း"
ကြိမ်လုံးဆိုတဲ့အသံကြားမှ ခန္ဓာကိုယ်လေးတောင့် ကနဲဖြစ်သွားပြီးမျက်နှာချိုသွေးနေသည့် ဘေးက ကောင်လေးကိုကြည့်ပြီး ဝေလင်းရှိန်ခေါင်းခါလိုက်မိသည်။ စိတ်ရှုပ်မခံနိုင်လို့ ရည်းစားတောင်မထားခဲ့တဲ့ သူက အခုမှ ကလေးအဖေလုံးလုံးဖြစ်နေ၏ ကျောင်းအသွားအပြန်က အစ နေ့လည်စာသေချာစားမစားအဆုံး ဝေလင်းရှိန်တာဝန်ယူထားရသလိုပင်။
YOU ARE READING
သက်ဆိုင်သူ (Unicode+Zawgyi)
General Fictionpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။