နန်းတော်ကို ပြန်တော့ လုံလုံ့ကိုပါ တစ်ခါထဲ
ခေါ်လာလိုက်သည်။
ရိပေါ်ကို အကိုရင်းတစ်ယောက်လို ခင်တွယ်နေတဲ့
လုံလုံ့က တုန့်ဆိုင်းခြင်းမရှိ ပျော်ရွင်စွာ
လိုက်ခဲ့သည်။နန်းတော်ကိုပြန်ရောက်တော့ ရှောင်းကျန့်က
တိုင်းပြည်ရဲ့ အရေးကိစ္စများကြောင့်
အလုပ်ရှုပ်နေသည်။
ညီလာခံတက်လိုက် ၊ တခြားတိုင်းပြည်တွေရဲ့
သံတမန်များနှင့် တွေ့လိုက်
ဖြစ်နေရတယ်။
စာရေးတာနဲ့ စာဖတ်တာတွေကို ရိပေါ်ကသင်ပေးထားတာကြောင့်
သံတမန်တွေနဲ့တွေ့ရသည်မှာ မခက်ခဲပါ၊၊
အလုပ်တွေ ရှုပ်နေတဲ့ကြားက သူ့ကိုသားတော်လို့မသတ်မှတ်တဲ့
ခမည်းတော်ရဲ့လုပ်ကြံခံရသည့် ကိစ္စကိုဖော်ထုတ်ဖို့
ဆောင်ရွက်နေရသေးသည်။
သူ့အပေါ် ပြည်သူတွေရဲ့အမြင်ကို ပြောင်းလဲပေးရမည်။သံတမန်တွေနဲ့တွေ့ပြီး အပြန်မှာ
နားနေဆောင်သို့ သွားလိုက်ပြီး
ဆွဲနေလက်စဖြစ်တဲ့ ပန်းချီကားကို
အဆုံးသတ်ဖို့အတွက် စုတ်တံကိုကိုင်ကာ
ပန်ချီကားပေါ် ရေးဆွဲလိုက်သည်။
ပန်းချီကားထဲ စိတ်ရောက်နေချိန်မှာ
သူ့နောက်မှခြေသံကြားရတာကြောင့်
နောက်လှည့်ကြည့်လိုက်တော့ အတော်ကိုလှပတဲ့
အမျိုးသမီးတစ်ယောက်၊
မိဖုရားအသွင်ဝတ်ဆင်ထားတဲ့ ထိုအမျိုးသမီးက
ကျိန်းသေမိဖုရားတစ်ပါးပင်။" အရင်မင်းကြီး ရှောင်းရန့်ရဲ့ မိဖုရား
ချောင်ချင့်ယီလို့ ခေါ်ပါတယ်
ခုနန်းတော်နဲ့ မသက်ဆိုင်တော့တဲ့လို့
'ယန်'တိုင်းပြည်ကိုပဲ ပြန်ပါတော့မယ်
အဲ့ဒါ မင်းကြီးကို လာနှုတ်ဆက်တာပါ"" ကောင်းပါပြီ ဟိုတစ်ခါ ကူညီခဲ့တဲ့အတွက်
ကျေးဇူးပါ အရာရာအဆင်ပြေပါစေ မိဖုရား"" မိဖုရားမဟုတ်တော့တဲ့အတွက် ချောင်ချင့်ယီလို့ပဲ
ခေါ်ပါ မင်းကြီး"" အင်း ပြန်ရင် လမ်းမှာစောင့်ရှောက်ဖို့
ရဲမက်တွေနဲ့ စစ်သူကြီးကို ထည့်ပေးလိုက်မယ်"" ကျေးဇူးကြီးမားလှပါတယ် မင်းကြီး"
" စကား နည်းနည်း ပြောလို့ရမလား"
" ရပါတယ် မင်းကြီး"
ရှောင်းကျန့်က ချောင်ချင့်ယီကို ခုံမှာထိုင်စေပြီး
သူလဲ မျက်နှာချင်းဆိုင်ခုံမှာ ထိုင်လိုက်သည်။
နန်းတွင်းသူများက ရေနွေးခရားအိုး လာချပေးတော့
ချောင်ချင့်ယီက သူ့အတွက် ရေနွေးငှဲ့ပေးသည်။
