Unicodeရဲစခန်းသို့ရောက်သည်နှင့် ဂျီမင်း ဖြစ်သလိုထိုင်ချကာ အမောဖြေနေသည်။ ရင်ဘတ်အစုံမှာ နိမ့်ချည်မြင့်ချည်နှင့် သူအတော်မောဟိုက်နေမှန်းသိသာလှသည်။
" မင်းအုပ်ထိန်းသူ အခုထိမလာသေးဘူးလား? "
" လာမှာပေါ့ ဆရာရယ်...။ ဘာလောလဲ ''
" ကျွန်တော်. . . ကျွန်တော်ရောက်ပါပြီ ''
" ဆရာ့တပည့်က- ''
" ခဏလေး ရေအရင်တိုက်လို့ရမလား မောလွန်းလို့ ''
ချွေးစို့နေသော လည်ပင်းအား လက်ခုံဖြင့်သုတ်ရင်း ရေတောင်းသောက်နေသော ဂျီမင်းကို အရာရှိကြီးလည်း မနေနိုင်မထိုင်နိုင် ရေဘူးကမ်းပေးလိုက်သည်။
ဂျောင်ကုဘေး ဂျီမင်းဝင်ထိုင်ကာ ရေတစ်ဘူးလုံးကုန်တဲ့အထိ တအုအုသောက်နေသည်။
ဒီလူက တကယ့်ကိုဆက်ဆီပဲ!
ဂျီမင်းကိုကြည့်ရင်းဂျောင်ကုလည်း အာခေါင်တို့ခြောက်လာသည်။
" ပေး ကျွန်တော်လည်းသောက်မယ် ''
အရာရှိကြီးဆီကမ်းပေးနေသော ဂျီမင်းလက်များ ရပ်တန့်သွားကာ ဂျောင်ကုဆီကမ်းပေးလိုက်သည်။
လက်လှမ်းပေးနေသော အရာရှိကြီးမှာလည်း လက်ရှက်သွား၍ ရေတစ်ငုံ အုခနဲသောက်ချလိုက်သည်။
" ဘာများဖြစ်ကြလို့ ရဲစခန်းထိရောက်လာရတာလဲဗျ? "
" ခင်ဗျားတပည့်နဲ့ ဟိုသတ္တိကြောင်အုပ်စုက ဖိုက်ကြတယ်လေ။ အဲ့တာ ကျွန်တော်တို့ ကူညီပါရစေက မျက်မြင်တွေ့တာနဲ့ ရဲစခန်းခေါ်လာလိုက်တာ ''
" မင်းတို့တွေကွာ ငါးယောက် တစ်ယောက်တောင်မနိုင်ဘူး ဟား ဟား ''
ထောင်ခန်းထဲရောက်နေသော အနှီလူသားငါးယောက်မှာလည်း သူတို့အားလှောင်ပြောင်ကယော်လုပ်နေသော ဂျောင်ကုကြောင့် ဖင်တကြွကြွဖြစ်နေကြသည်။
သည်းခံကြ ငါ့ကောင်တို့။ ဒါကရဲစခန်း။ ဒီမှာထပ်ပြီး ထသတ်ကြရင် ငါတို့ရာဇဝင်ရိုင်းသွားလိမ့်မယ်။
[အကုန်လုံး၏ Pov ကို ဒီကစောက်ချောကြီးမှ ပြဋ္ဌာန်းပေးလေသည်။😃]
VOUS LISEZ
𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete)