Unicode
ခန္ဓာကိုယ်မှ တရိပ်ရိပ်တက်လာသောခံစားမှုနှင့် ပူလောင်မှုများသည်သွေးရိုးသားရိုးမဟုတ် မှန်း ဦးနှောက်ထဲ ဖြတ်ပြေးနေသည့်ပုံရိပ်များကသက်သေပြနေသည်။ အနားကပ်လာသည့်ခပ်အီအီရေမွှေးနံ့ ကြောင့် လက်ရှိလောကသို့အတွေးပြန်ရောက်ချိန် ခေတ်ရွှန်းသူ လက်နှစ်ဖက်က ဝေလင်းရှိန် ခါးကိုဖက်တွယ်ရင်း ခပ်လှလှ မျက်နှာက ဝေလင်းရှိန်၏ တစ်ပေခန့်အကွာကိုရောက်နေပြီဖြစ်၏ အောင်နိုင်သူတစ်ယောက်လိုခပ်ဟဟ ပြုံးလိုက်သည့် စွဲမက်ဖွယ်အပြုံးက ခန္ဓာကိုယ်ထဲပူလောင်မှုကို နှစ်ဆမြှင့်တင်ပေးဖို့လုံလောက်သည်။
"ချွေးတွေပြန်နေပါလား ကိုဝေလင်း...နေမကောင်းဘူးလား။ ခေတ် ဘာကူညီပေးရမလဲ"
ညှို့အားပြင်းလွန်းသည့် အသံ သည် နားစည်တစ်လျှောက်ရိုက်ခတ်သည့်အခါတွင်တော့ ဝေလင်းရှိန် ခပ်တင်းတင်းအံကြိတ်လိုက်မိသည်။ ခန္ဓာကိုယ်၏တောင်းဆိုမှုကိုဦးနှောက်က ခွင့်မပြု။ ခါးပေါ်ရောက်နေသည့် လက်နှစ်ဖက်ကို ဆွဲထုတ်ပြီးတွန်းလွှတ်လိုက်ပေမယ့် ထိုမိန်းမလှက လက်လျော့မည့်ပုံမပေါ်။ တစ်စ တစ်စ ပိုဆိုးလာသည့် ပူလောင်မှုများက ချွေးပြိုက်ပြိုက်ကျစေ၏ အင်္ကျီအောက်သို့ပါလျို၀င်လာပြီဖြစ်သည့် လက်ချောင်းသွယ်သွယ်ကြောင့် အနားကိုပိုနီးကပ်လာသည့် အမျိုးသမီးကိုပခုံးမှကိုင်၍ နံရံသို့ ဖိကပ်လိုက်မိသည်။ ထိုအပြုအမူကြောင့်အထင်လွဲသွားသည်ထင်ပါသည်။ လက်ဖဝါးနုနုက ရင်ဘတ်ကြွက်သားတစ်လျှောက် ခပ်ဖွဖွ ပွတ်သပ် လာ၏
*ဒုန်း!*
မထင်မှတ်ထားသည့်အပြုအမူကြောင့် ခေတ်ရွှန်းသူတုန်တက်သွားသည်။ မျက်နှာဘေးကဖြတ်သွားသည့် လက်တစ်ဖက်က အုတ်အနီများနှင့်အလှဆင်ထားသည့်နံရံကိုအရှိန်ပြင်းပြင်း ပစ်သွင်းလိုက်တာကြောင့် အလန့်တကြားမော့ကြည့်မိသည်။ ဝိုင်ခန်းအတွင်းထွန်းထားသည့်အလှမီးရောင်အောက် မီးဝင်းဝင်းတောက်နေသည့် မျက်လုံးတစ်စုံက ရင်ဘတ်ပေါ်ပွတ်သပ်နေသည့် ခေတ်ရွှန်းသူ လက်များကိုရပ်တန့်သွားစေ၏
"အာ့"
လက်ကောက်ဝတ်မှဆောင့်ဆွဲ၍ ခေါ်ထုတ်လာပြီး အိမ်အပြင်ဘက်ဆွဲထုတ်လာတာကြောင့် ခေတ်ရွှန်းသူ တရွတ်တိုက်ပါလာ၏ လက်ကောက်၀တ်တစ်ဖက်ကို ဆုပ်ကိုင်ထားသည့် လက်ဖ၀ါးခပ်ကြီးကြီးကို အတင်းဆွဲခွါမိပေမယ့် အင်အားချင်းမမျှသည့်အခြေအနေကြောင့် ပြုတ်မကျရုံတမယ် အနောက်မှ လိုက်လာရသည်။ အိမ်ရှေ့ တံခါး၀ရောက်သည်နှင့် အပြင်ကိုတွန်းလွှတ်ပြီး ကြားရသည့် ခပ်သြသြ အသံက တုန်ရီနေပေမယ့် မာထန်နေသေးသည်။
BẠN ĐANG ĐỌC
သက်ဆိုင်သူ (Unicode+Zawgyi)
Tiểu Thuyết Chungpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။