Unicode
Tae Hyung တစ်ယောက်ထဲလုပ်ရတာ ပင်ပန်းလို့ Hoseok ကိုလှမ်းခေါ်လိုက်တယ်။ Hoseok ကတော့ အိမ်မှာ အိပ်နေလေရဲ့။
"Hello Hoseok မင်းငါ့အခန်းကို အခုချက်ချင်းလာပေးလို့ရမလား။"
"ဘာဖြစ်လို့လဲ Yoontan အီးပါချလို့လား"
Yoontan ဆိုတာ Tae Hyung အချစ်ဆုံးခွေးလေးလေ။ သူအီးပါချပြီဆိုရင် Hoseok ကပဲအိမ်လာရင် လုပ်ပေးနေကြ။
"မဟုတ်ဘူး။ ငါ့ရဲ့ appa နဲ့ omma လေငါ့ကို တိုက်ခန်းပြောင်းခိုင်းနေလို့။ အခုပစ္စည်းတွေထည့်နေတာ မင်းလာကူပေးအုံး"
"ငါအိပ်နေတာလေ။ မင်းအချိန်ကိုလည်း ပြန်ကြည့်လိုက်အုံးလေ"
"Jung Hoseok လာမှာလားမလာဘူးလား။ Surprised တိုက်မယ်လေ"
"လာခဲ့မယ်။ ခဏစောင့်"
ခဏအကြာမှာပဲ Hoseok ရောက်လာခဲ့တယ်။
(Surprised တိုက်မယ်ဆိုမှပဲ ရောက်လာတော့တယ်။🙄)Hoseok ကိုတံခါးဝကနေ ကြိုနေတာက Yoontan ဆိုတဲ့ ချစ်စရာခွေးလေး။
"Yoontan ရေလာကြိုပေးလို့ကျေးဇူးပါနော်။ ဒါနဲ့နေပါအုံးဘာလို့ မင်းအမွေးတွေက ညစ်ပတ်နေရတာလဲ။
Kim Tae Hyung မင်းငါ့ကို ခေါ်လိုက်တာက Yoontan ကိုရေးချိုးပေးဖို့လား""အဲ့တာလဲပါတယ်။ ရောက်လက်စနဲ့ ချိုးပေးလိုက်ပါကွာ။ ငါအရမ်းပင်ပန်းနေလို့။"
ညတွင်းချင်းပဲ အိမ်ပြောင်းတဲ့ကိစ္စကို ပြီးအောင်လုပ်လိုက်တယ်။ မနက်ရောက်
်တော့ အခန်းသစ်လေးမှာ ဇိမ်ရှိရှိနဲ့နေလို့ရပြီလေ။ ညကပင်ပန်းခဲ့တာဆိုတော့ ဒီနေ့ကျောင်းမတက်နိုင်ဘူး။ Jimin ကတော့
Tae Hyung ကို စာသင်ခန်းရှေ့ကနေ စောင့်နေတယ်။ ဒါပေမဲ့ပေါ်မလာဘူး။"ဟိတ် မင်းဘာလာလုပ်တာလဲ။ ဒါမင်းမေဂျာမဟုတ်ဘူးလေ"
မေးလိုက်တဲ့သူက Hoseok
"ကျွန်တော် ဒီအတန်းက Tae Hyung ကိုစောင့်နေတာ"
"မျှော်မနေနဲ့ သူဒီနေ့ကျောင်းမတတ်ဘူး"
"ဘာလို့များလဲနော်""ညက အခန်းပြောင်းဖို့လုပ်တုန်းကအရမ်းပင်ပန်းသွားတယ်လေ။အဲ့ဒါကြောင့်ပါ Park Jimin"
YOU ARE READING
I Don't Miss You [Uni/Zaw]
Romanceလူတွေကပြောကြတယ် ကျွန်တော့်ကိုမချစ်တတ်ဘူးလို့။ ဒါပေမဲ့ ကျွန်တော်အရမ်းချစ်တတ်တာပေါ့ အရမ်းချစ်ခဲ့မိလို့လဲ အခုဆိုနာကျင်နေရပြီလေ။ ကျွန်တော်သူ့ကိုမလွမ်းတော့ပါဘူး။ တကယ် I don't Miss You forever