အပိုင်း (၃)
*****
[Unicode]
"ဆရာ့မှာ ရည်းစားရှိလား?"
"........"
တဲ့တိုးဆန်တဲ့ စကားတစ်ခွန်းက ချန်ယွီ့ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားသည်။ ပတ်တီးကို ခွာလိုက်လို့ နည်းနည်း စိမ့်ထွက်လာတဲ့ သွေးတွေကို သုတ်နေတဲ့ ကုဝေ့ရဲ့ လက်တွေ ရပ်သွားသည်။ ကုဝေ့ရဲ့ စဉ်းစားနေတဲ့ မျက်ဆံတွေက လေထဲဝေ့နေပြီး ချန်ယွီ့ဆီ ပြန်ကျလာတဲ့အထိ ချန်ယွီသည် ဘာပြောလိုက်မိမှန်း ကိုယ်တိုင်တောင် သတိမထားမိသေးပေ။ ဘယ်တော့များ မေးမလဲလို့ တွေးနေတာကို မေးတဲ့ timing ကလဲ ဆိုးလိုက်တာလို့ ကုဝေ့ကတော့ တွေးနေမိသည်။
"ကျွန်တော်က အရေးပေါ်ခန်းထဲမှာ အလုပ်လုပ်တာပါ"
"အဲ့တော့ ဘာဖြစ်လို့လဲ"
"အရေးပေါ်ခန်းထဲမှာ အလုပ်လုပ်တဲ့ လူကို ဘယ်သူက လာကြိုက်မှာတဲ့လဲ"
"ဒီစကားက ကျွန်တော့်ကို ပြောနေတာလား?"
ချန်ယွီ ပြန်ပြောတဲ့ စကားမှာ ကုဝေ့ နည်းနည်း ပျာယာခတ်သွားသည်။ ပုံမှန်ဆို စကားလဲသိပ်မပြော မျက်လုံးနဲ့ပဲ လှမ်းနှုတ်ဆက်တတ်တဲ့ လူက ဘာလို့ ဒီနေ့မှ အတင်းတွေ ဖြစ်နေရသလဲလို့။ ကုဝေ့ ဘာမှပြန်မပြောဘဲ ချန်ယွီရဲ့ ပုခုံးပေါ်က ဒဏ်ရာကိုသာ အာရုံစိုက်လိုက်သည်။
"ကျွန်တော့်ကို ပြောနေတာလားလို့"
လုံးဝ အာရုံစိုက်လို့ မရတော့ပေ။ အဖြေကို လိုချင်နေတဲ့ပုံစံနဲ့ မေးတော့ ကုဝေ့က ဘယ်လိုလုပ်ပေးရတော့မှာတဲ့လဲ။ 'ဘယ်လိုတွေဖြစ်နေရတာလဲ.. ရုတ်တရတ်ကြီး အစမရှိအဆုံးမရှိနဲ့' လို့ ပြန်ဖြေချင်ပေမယ့် ခေါင်းခါလိုက်သည်။
"စုံထောက်လေးကို ပြောတာမဟုတ်ပါဘူး"
"ဒါဆို ဆရာ့မှာ အခု တွေ့နေတဲ့ လူရောရှိလား?"
အပ်ချည်ကြိုးက ရှည်နေတော့ နေရခက်မှာစိုးလို့ ညှပ်မလို့လုပ်နေရင်းမှ ကုဝေ့က စောင်းကြည့်လိုက်တော့ ချန်ယွီ့ မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံသွားသည်။ ကုဝေ့မျက်နှာမှာတော့ 'တရားခံ စစ်မေးနေတာလား?' ဆိုတဲ့ စာတမ်းက အတိုင်းသား။

YOU ARE READING
Folding a Tissue Rose
Fanfiction"ဆရာ့မှာ ရည်းစားရှိလား" - ချန်ယွီ "အရေးပေါ်ခန်းမှာ အလုပ်လုပ်ရတဲ့ လူကို ဘယ်သူက ကြိုက်မှာတဲ့လဲ" - ကုဝေ့ "ဆရာ့မွာ ရည်းစားရှိလား" - ချန်ယွီ "အရေးပေါ်ခန်းမှာ အလုပ်လုပ်ရတဲ့ လူကို ဘယ်သူက ကြိုက်မှာတဲ့လဲ" - ကုဝေ့ A translated YiZhan story (KOR>BUR) Polic...