ဒီရက်ပိုင်းအတွင်းအလုပ်ရှုပ်သည် ။ ကျွန်တော့်လုပ်ငန်းတွေရော မိုင်ရဲ့ ကျောင်းကိစ္စတွေအတွက်ရော တစ်ရက်ပြီးတစ်ရက်ဘယ်လိုတွေ
အချိန်ကုန်သွားသည်မသိလိုက်ရ ။
အစကကျောင်းဆက်တက်ဖို့အစီအစဉ် မရှိတဲ့ကောင်ကလေးကြောင့် အခုမှသာ
တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းတွေရော
တက္ကသိုလ်လျှောက်လွှာတွေပါ ရွာကိုတစ်ခေါက်ပြန်ပြီးသွားထုတ်ရသည် ။
ဒါ့အပြင် တက္ကသိုလ်တက်ရန်လျှောက်လွှာမှာ
လိုအပ်သော ထောက်ခံစာအသီးသီးကိုရော
အပြီးအစီးယူရသောကြောင့် ဖူလုံရွာလေးမှာ
နှစ်ညအိပ်သုံးရက်လောက်ကြာခဲ့သေးသည် ။
ထိုမှတဆင့်မန္တလေးကိုပြန်လာပြီး လုပ်စရာရှိတာတွေဆက်လုပ်ရပေသည် ။တက္ကသိုလ်ဝင်တန်းမှာ ကျူရှင်တွေဝိုင်းတွေမနေပဲ ကြိုးစားခဲ့သောကောင်ကလေးက ဘာသာရပ်
အားလုံးကို ၆၀ ကျော်နှင့်အမှတ်ပေါင်း ၃၈၀ နီးပါး ရရှိခဲ့သည် ။ အင်္ဂလိပ်စာကိုစိတ်ဝင်စားသော
မိုင်ကမိန်းတက္ကသိုလ်ထဲမှာ e - major ကို
လေ့လာသင်ယူဖို့ရွေးချယ်သည်ကြောင့် မိန်းထဲကိုအတူတူသွားလျှောက်ရပြန်သည် ။
ထိုကျောင်းကိစ္စတွေအလုံးစုံပြီး ဝင်ခွင့်ကျလာမှ
ကောင်ကလေးအတွက်စိတ်အေးရသည် ။
ကျွန်တော့်အနေနဲ့ဆို private ကျောင်းတွေဆီ
ပို့လိုက်ချင်ပါသည် ။ တက်ဖို့ပို့ဖို့ကိုလည်း အကြံပေးပြောခဲ့ပါသေးသည် ။ သို့ပေမယ့် ကောင်ကလေးရဲ့ရွေးချယ်မှုကိုသာ အလေးထား မိသည် ။ ကျောင်းဖွင့်ခါနီးအနည်းငယ် နောက်ကျပြီးမှကျောင်းအပ်ရသည်ကြောင့် ကျောင်းအနေနဲ့ရော အလုပ်တွေရှုပ်နေဆဲမို့ ဝင်ခွင့်ကလည်းအနည်းငယ်နောက်ကျရသည် ။ ထိုကြောင့်ကောင်ကလေးကျောင်းစတက်မည့် ရက်လေးကကျောင်းတွေဖွင့်ပြီးတစ်ပတ်နေမှပင် ။December 10 >>>>>
At 8 : 00 am >>>>>" မိုင်..... ဒီပေါ်လာထိုင် ဖိနပ်စီးပေးမယ် "
ပထမဆုံးကျောင်းပြန်တက်မည့်ရက်လေးမို့
အစစအရာရာ ကျွန်တော်ပြင်ဆင်ပေးနေမိသည် ။
ရှပ်လက်တိုခေါင်းစွပ်ပွပွအဖြူလေးကို ရှော့ပန်ဘောင်းဘီတိုအနက်ကလေးနှင့်မိုင်က
ချစ်ဖို့သိပ်ကောင်းသည် ။ ဆံပင်ညှပ်ဆိုင်မှာ
သူစိတ်ကြိုက်ညှပ်ခဲ့သော ဗိုလ်ကေပြောင်ပြောင် ရှင်းရှင်းလေးကြောင့် မျက်နှာလေးကိုရှင်းလင်းလို့် နေသည် ။ မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့
အပြစ်ကင်းစင်လှသည် ။