<zawgyi>
To be your umbrella
ထီးတလက်လိုပဲ…
မင်းကို အရိပ်ပေးရတာ ပျော်တယ်။ထီးတလက်လိုပဲ…
မင်းကို ကာကွယ်ပေးရတာ ကျေနပ်နေတယ်။ထီးတလက်လိုပဲ…
အမြဲတမ်း မိုးရွာနေစေချင်တယ်။
အမြဲတမ်း နေပူနေစေချင်တယ်။
ငါ့ကို အမြဲတမ်း လိုအပ်နေစေချင်တယ်။
ငါ့ကိုပဲ လိုအပ်ရမယ်။
ငါ့အနားမှာပဲနေရမယ်။
ငါပဲ ပိုင်ဆိုင်ရမယ်။အဲ့လိုနဲ့ပေါ့…
မင်းကို ငါ့အရိပ်အောက်မှာသိမ်းထားနိုင်ဖို့မတောင်းကောင်းတဲ့ဆုတွေနဲ့…
မလုပ်သင့်တဲ့လုပ်ရပ်တွေနဲ့…
ထပ်တလဲလဲမှားရင်း…ငါ…။အချိန်တွေကို နောက်ပြန်ဆုတ်လို့ရခဲ့ရင်
ကတိပေးတယ်…Kit…
ငါ့ကို မလိုအပ်တဲ့ဘဝတစ်ခု…
မင်းရဖို့ ငါဆုတောင်းပေးမယ်။0o.•°0o.•°0o.•°0o.•°0o.•°0o.•°0o.•°0o.•°
အိစက်ညက်ညောမှု…
နွေးထွေးမှု…
ဗလာနယ်ထဲမှာ မျောလွင့်နေမှု…သက်တောင့်သက်သာဖြစ်ပေမယ့် အလိုမကျမိ။
နွေးထွေးတဲ့ခံစားချက်ကို လက်ခံရတယ်။
ဒါပေမယ့် တွေဝေနေမိတယ်။အနွေးဓာတ်ဆီသွားရမလား?
ကျောခိုင်းရမလား?နွေးထွေးမှုကို လိုချင်မိပေမယ့် မလိုအပ်သင့်ဘူးလို့ပဲ စိတ်ရဲ့တစ်ထောင့်တစ်နေရာက ပြောနေပြန်တယ်။
ဘာလို့လဲ…
ငြင်းဆန်ဖို့ လုံလောက်တဲ့အကြောင်းအရင်းက ဘာများလဲ…ရင်းနှီးနေပုံပေါ်တဲ့ မေးခွန်းတစ်ခုနဲ့အတူ နိုးလာတော့ အိပ်ယာခင်းအချို့က လက်ထဲမှာကြေမွလို့…
အဖြေရှာမရတဲ့ အလိုမကျမှုကို အိပ်ယာခင်းပိတ်စတွေအပေါ် ပုံချမိခဲ့ဟန်ထင်ပါရဲ့။'ဒါ…ဘယ်လိုခံစားချက်မျိုးကြီးလဲ?'
ပြီးတော့…
'ငါ ဘယ်ရောက်နေတာလဲ?'အဖြူရောင် မျက်နှာကျက်နဲ့ နံရံတွေပါတဲ့ အခန်းတစ်ခုကို ဝေ့ဝဲကြည့်မိတော့ အပြင်အဆင်တွေက ရင်းနှီးနေပြန်တယ်။
စားပွဲပေါ်က အနီရောင်နှင်းဆီပန်းတွေပါတဲ့ ပန်းအိုးလေး…
ခေါင်းအုံးဘေးက အမွေးပွခြသေ့င်္ရုပ်နဲ့ လိပ်ရုပ် …
နှစ်ယောက်အိပ်ကုတင်ရဲ့ အခြားခေါင်းအုံးတစ်လုံးပေါ်က 'Read_me'ဆိုတဲ့ မှတ်စုစာအုပ်ထူထူတစ်အုပ်…
YOU ARE READING
Umbrella - To be your umbrella
Fanfictionထီးလေးတစ်လက်အကြောင်း... ထီးလေးတစ်လက်အကြောင်း...