"ဟီဆွန်းဟျောင်း . . တစ်ခါပါပဲ ။ ဒီတစ်ခါပဲကျေးဇူးပြုပြီးမသိချင်ယောင်ဆောင်ပြီး လွှတ်ပေးပါလား . . ကျေးဇူးပြုပြီး . . "
နှစ်ယောက်မရှိတဲ့ညီငယ်က လက်နှစ်ဖက်ကိုချီပြီး မျက်ရည်တွေနဲ့တောင်းဆိုနေပေမယ့် ဟျောင်းဘယ်လိုစိတ်နဲ့မင်းကိုမသေချာတဲ့လမ်းလျှောက်ဖို့ကို ခွင့်ပြုရမှာလဲ ဂျောင်ဝန်းရာ . .
"ဂျောင်ဝန်း . . မင်းဘယ်လိုဆုံးဖြတ်ချက်နဲ့ အဲ့လိုစွန့်စားဖို့ရဲလွန်းရတာလဲ အမေနဲ့အဖေကဘယ်လောက်စိတ်ပူနေရမယ်ထင်လဲ ! "
"နောက်ကျရင် ဆက်သွယ်မှာပါကျိန်းသေပေါက် . . တစ်နေရာရာမှာ တက္ကသိုလ်လဲကျိန်းသေဆက်တက်ပြီး သူနဲ့အတူကြိုးစားမှာပါ အဲ့တာကြောင့်မို့လို့ ကျေးဇူးပြုပြီး ဟျောင်း . . . အခုတောင်အရမ်းနောက်ကျနေပါပြီ ဆို . . "
တကယ်ပြင်းပြတဲ့စိတ်နဲ့ တောင်းဆိုကြည့်ပေမယ့် . . ငယ်ငယ်ထဲက ကိုယ့်ကိုအလိုလိုက်ပေးတဲ့တစ်ဦးတည်းသောအကိုအရင်းမို့လို့ တကယ်မျက်ရည်တွေနဲ့တောင်းဆိုနေပေမယ့်
*ဝုန်း*
"ဟျောင်န်းး . . အခု ဘာလုပ်လိုက်တာပါလဲ "
ဟီဆွန်းဟျောင်း က အားကုန် ပစ်ချလိုက်တာမို့လို့ သူ့ခရီးဆောင်အိတ်အတွင်းက သူ့ပစ္စည်းတွေ အကုန်အခန်းတွင်းပျံ့ကြဲသွားသည် ။
အခု တကယ်သွားပြီ ။ တကယ်ကြီးဟျောင်းကလွှတ်ပေမယ့် ပုံမပေါ်တော့ . . သူလဲလက်လျှော့လိုက်တော့မယ် ။"ထွက်သွား ! . . ကျွန်တော့အခန်းထဲက ချက်ချင်းထွက်သွား ဟျောင်န်း !!!!"
"အခုနောက်ကျသွားပြီ ဝန်းလေး ။ အစထဲကမင်းအကြံဆိုတာကို သိတယ် ။ . . .
မင်းနဲ့ ဂျုံဆောင်းကိုမယုံတာမဟုတ်ဘူး . . ဒါပေမယ့် . ""ထွက်သွားပါတော့ . . တစ်ယောက်တည်းပဲနေချင်တယ် "
ခေါင်းအုံးပေါ်မျက်နှာအပ်ပြီးတရှုံ့ရှုံ့ငိုနေတဲ့ဂျောင်ဝန်း ကို သူလဲဆက်မကြည့်နိုင်တော့ပါဘူး . .
"အင်းပါ ။ အပြည့်အဝ ငိုလိုက် ပြီးရင် ပုံမှန်အတိုင်းချစ်ဖို့ကောင်းတဲ့ မိသားစုရဲ့ဆည်းလည်းလေးအဖြစ်ပြန်လာပေး . . "
YOU ARE READING
My Boyfriend Is The Mafia Heir