Unicode

2.5K 175 82
                                    


ဟိုးငယ်ငယ်ကတည်းကချစ်တိုင်းလည်း မပေါင်းဖက်ရတဲ့ဇာတ်လမ်းလေးတွေကြားဖူးခဲ့တယ်။ ကလေးတစ်ယောက်ရဲ့ စိတ်ကူးယဥ် မှု ခပ်နုနု လေးနဲ့ ကိုယ်ဟာ ငိုယိုကာ ဒေါသ တွေထွက်ဖူးတယ်။ ဗီလိန် တွေကို ဒုတိယလူ လို ့တွေးမပေးခဲ့ဖူးဘူး။
ဒါပေမယ့် ယခုမူတော့ ဒုတိယလူ တွေနေရာ မှာ ကိုယ်ဟာ ဝင်ခံစား ပေးတတ်နေပြီ။
ရင့်ကျက် မှုကြောင့်လား ဆိုတော့ လည်း မဟုတ်ဘူးဟု ဖြေရမည်။
ကိုယ့်အတွက်တော့ ဒုတိယ ဆိုသည့် နေရာ က အေးချမ်း လွန်း၍။

"". .ပါပါး..'''

"". .ပါပါးး....''''

ကလေးပိစိ လေးများ၏ တစ်ယောက်တစ်ခွန်းအော်ခေါ်နေသံများ။မပီကလာ ပီကလာ လေးခေါ်နေသော ကလေး များ က ပီဘိ ချစ်စဖွယ် အတိ ။ နောက်သို ့ လှည့်မကြည့်ဘဲ
ဆွဲလက်စ ပန်းချီကား လေးကိုသာ အာရုံစိုက်ဆွဲ နေလိုက်သည်။ ပုစုဂရု လေးများကတော့ စိတ်ကောက်ချေတော့မည်။

"". .ဒီပါပါး တော့နားကြားကိရိယာ တပ်ထားပြီး အဖွင့် ခလုတ် ကို ပိတ်ထားလား မသိဘူး...'''

ပေါက်စလေးများ ထဲမှ စကား အနည်းငယ် တတ်သည့် ကလေးက ခပ်စွာစွာလေသံလေးဖြင့် သူ့သူငယ်ချင်း များအား ပြောနေခြင်း။ ဒီကလေးများ ဟာ ကိုယ့်ကို သိပ်ချစ်ကြတာ မို ့ကိုယ်လုပ်တတ်သည့် အကျင့် စရိုက် များ ကိုပင် မှတ်သား ထား ကြခြင်း။

အနားသို ့ ရောက်လာသော ကလေး များက ယို ့ယို ့လေး တန်းစီကာ ကိုယ်ဆွဲနေသည့် ပန်းချီ အား ကြည့်နေကြသည်။ ဘာစကားမှ တော့မပြောကြ။ အတန်ငယ်ကြာမှ
ကိုယ့်ရဲ့ အကျီ ် အောက်အနားစ လေးအား ကလေး တစ်ယောက်က ဆွဲ ကာခေါ်နေ၏။

လှည့်ကြည့်လိုက်တော့ sign language ဖြင့် နားကြား ကိရိယာ အား ဖွင့်ခိုင်းနေခြင်း။
ဤမိဘမဲ့ဂေဟာ လေးမှ ကလေး များ သည် sign languageအကုန် မတတ် ကြသော်လည်း နားကြားကိရိယာ ဖွင့်ခိုင်းသည့် signကိုတော့ အကြွမ်းတဝင် ရှိကြသည်လေ။

"". .ပါပါး ဖွင့်ထားပါတယ်..ဟောဒီက ပေါက်စန တွေကို စချင်လို ့ ပြန်မထူးတာ..'''

အနီးဆုံးရှိ ကလေးငယ်၏ ဆံစလေးများ အား ဖွလိုက်ကာ ပြောလိုက်ခြင်း။

သူရယ်, ကျွန်တော်ရယ်,သူ့အချစ်ဦးရယ်Where stories live. Discover now