နာကျင်မျက်ရည်(Only Love)-51

92 5 1
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-51

ခင်ဝတ်မှုံက ရှိုင်းပြန်လာနေတာကိုတွေ့တော့

"ဒါပဲနော် ဒယ်ဒီ ... သေချာ ‌လုပ်ခိုင်းလိုက်ပါအုံး... "ဟုပြောပြီးဖုန်းချလိုက်သည်။

" ဝတ်မှုံ... ဒါဆို အခု ငါတို့တိုင်ပင်ထားသလိုပဲ... ငါတို့ နှစ်ယောက် စလုံး မိဘတွေကို ပြောလိုက်ကြရအောင်... ငါလည်း နင့်ကို မချစ်မချစ်သလို နင်လည်း ငါ့ကိုတကယ် မချစ်ပါဘူး...နှစ်ယောက်စလုံး အတွက် လည်း
မကောင်းဝာာ မို့ ငါတို့ ရပ်တန့်ပစ်လိုက်ရအောင်နော်..." ရှိုင်းက ပြန်ထိုင်ပြီး ပြော လိုက်သည်။

" ငါ နင့်ကို တကယ် ချစ်ခဲ့တာပါရှိုင်း... အခု ငါဘက် ကလက် လျော့လိုက်တယ် ဆိုတာလည်း ငါ နင့်ကို သိပ်ချစ်လို့ပါ... နင် ငါ့ဆီကို ပြန်လာမယ် ဆိုရင်လည်း ငါ့ဘက်က အချိန်မရွေးပါပဲ..." ခင်ဝတ်မှုံက သနားစဖွယ် မျက်နှာထားဖြင့် မျက်ရည်လေးလည်ကာ ပြောသည်။

ရှိုင်း က ခင်ဝတ်မှုံကို ကြည့်ပြီး သနားသလို ဖြစ်သွားသည်။ ထို့ကြောင့် လက်ကလေးကို ဆုပ်ကိုင်ပြီး

" နင် လည်း နင့်ကို တကယ် ချစ်ပေးနိုင်မယ့် သူကို ရှာ လိုက်ပါတော့ဟာ... ငါ့ ဘက်က နင့်ဆီကို ဘယ်တော့မှ လာနိုင်မှာ မဟုတ်ဘူး... ငါ မင်းခ ကို တကယ်ချစ်သွားပြီ... ငါရဲ့ နောက်ဆုံးထွက်သက်အထိ သူနဲ့ ပဲ နေမှာ ..." ဟုပြောလိုက်သည်။

ထို အခါ ခင်ဝတ်မှုံက ထလာပြီး ရှိုင်း ရဲ့ ဘေးခုံ မှာ ဝင်ထိုင်လိုက်ပြီး ရင် ရင်ခွင်ထဲ တိုးဝှေ့ကာ ဖက်လိုက်သည်။ရှိုင်းက ရုန်းထွက်မည် ဟန်ပြုတော့

"ခဏလေးပါ ရှိုင်းရယ်... ငါ မပိုင်ဆိုင်ရတော့တဲ့ နင့်ကိုခဏလေးဖြစ်ဖြစ် ပိုင်ဆိုင်ပါရစေ..." ခင်ဝတ်မှုံက ငိုသံသဲ့သဲ့ ကလေးဖြင့်ပြောလိုက်သည်။

ထိုအခါ ရှိုင်းကလည်း သနားပြီး ကျောပြင်ကလေးကို ပွတ်သပ်ပေးသည်။

ခင်ဝတ်မှုံက တော့ မဲ့ပြုံးကလေးပြုံးလိုက် လေသည်။

တစ်ဖက်မှာ သူတို့ နှစ်ယောက်ကို လူတစ်ဦးက ဓါတ်ပုံ ရိုက်နေတာကို ရှိုင်းမသိပေ။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ