Survival

5.3K 281 16
                                    

ဆေးရုံ ​ရှေ့သို့ကားရောက်သည်နှင့်တစ်ပြိုင်နက် lisa ပျော့ခွေကျသွားသော Jennie ကို ပွေ့ကာ ကားပေါ်မှအမြန်ဆင်းလိုက်သည်...
သူ့mommyက ဖုန်းကြိုဆက်ထားသဖြင့် အသင့်စောင့်ကြိုနေသော လူနာတင်တွန်းလှည်းပေါ်သို့တင်ကာအရေးပေါ်ခန်းသို့တွန်းခဲ့သည်....

Chaeyoung နှင့် Jisoo မှာလည်း Jennဆီပြေးလာကာ

"NiNi. ...သတိထားဦး...... unnieကို မထားခဲ့ရဘူးနော်..... NiNiလေး...." Jisooက ညီမဖြစ်သူကိုတွေ့သည်နှင့်ကလေးတစ်ယောက်သဖွယ် ငိုကာပြောနေလေတော့သည်......

lisaတစ်ယောက် Jennieကို နှလုံးပြန်ခုန်စေရန် CPR လုပ်ပေးနေသည်........

"၁.၂.၃......၃၀......၄၀...၅၀ .... comeon Jen. ...."

နှဖူးမှချွေးများနှင့် မျက်ရည်များကို လက်ခုံနှင့်သုပ်လိုက်ပြီး
Seulgiအားအရေးပေါ်နှလုံးနှိုးစက်ကို ယူလာခိုင်းကာ

"150J. ......"

"200J. ...."

"250J. ..... "

"နှလုံးပြန်ခုန်ပြီ Lisa ငါ Operation ခန်းပြင်ထားပြီးပြီ..... နင်အပြင်ကစောင့်နေ....." နှလုံးပြန်ခုန်လာမှသာ Lisaသက်ပြင်းချလိုက်နိုင်တော့သည်...

"Seulgi yar. .. ငါဒီcaseကိုတာဝန်ယူလိုက်မယ်...."ဟုဆိုတော့ Seulgiက မျက်လုံးပြူးကာ

"Yar. ... Lisa နင်ငါ့ကိုဆေးရုံကပြောင်းရအောင်လုပ်နေတာလား.... နင်က ခုဆရာဝန်မှမဟူတ်တော့တာ...."

"ဒါပေမဲ့ ငါ့မှာ လိုင်စင်ရှိတယ်လေ Seulgi yar ငါ Jennကို အပြင်ကနေဘဲစိတ်ပူပြီးမစောင့်နေချင်ဘူး..... ငါ့ကိုကူညီပါဟာ....."
သူကမျက်နှာငယ်လေးနှင့်ဆိုလာသဖြင့် Seulgi က သက်ပြင်းချကာ

"ခက်တာဘဲ Lisa yar အဲ့လိုနဲ့ဘဲ Jennie သွေးထွက်လွန်ကုန်တော့မှာ...."

"မခက်ပါဘူး သမီးရယ်.... Arjimar တာဝန်ထားပါ......." ဟု Mrs. Kimက ဝင်ပြောတော့

"နင် အကူဘဲနော် lisa. ..." ဟု Seulgiက အချက်ပြလိုက်တော့ lisaနားလည်စွာနှင့်ခေါင်းကိုတွင်တွင်ညိတ်ပြလိုက်လေသည်.....

"အဲ့ဒါ ဆို operation ဝင်ဖို့ပြင်တော့......" အမေနှင့်သမီးအတိုင်အဖောက်ညီစွာခေါင်းမာလှသော ထိုသားအမိကို Seulgiဘာမျှမတက်နိုင်သည့်အဆုံး lisa ဆန္ဒ ကို လိုက်လျောရန်သာသဘောတူလိုက်လေတော့သည်....

Love at first sight 😍Where stories live. Discover now