" ဝမ်ရိပေါ် .... ! "
ဝမ်ရိပေါ် ဆိုတာနဲ့ တစ်ကျောင်းလုံးမသိတဲ့သူမရှိ ။ အစစအရာရာ အဖက်ဖက်ကပြီးပြည့်စုံလွန်းတဲ့ ဒီကောင်လေးက ဘဝအဆက်ဆက်ဆုတောင်းကောင်းခဲ့ပုံပဲ ။ ရုပ်ချောတယ် ။ ပိုက်ဆံရှိတယ် ။ စော်တွေဝိုင်းဝိုင်းလည်ပဲ ။
ပြီးတော့ သူ့မှာ ဆောင်ပုဒ်တစ်ခုခည်းရှိသေးတယ်တဲ့ ။
" ငါပဲကြိုက်မယ် ငါ့ကိုပြန်မကြိုက်နဲ့ " ဆိုတာပါပဲ။
ကြည့်ပါဦး၊ ဒါဘယ်လိုတောင်နားလည်ပေးလို့မရတဲ့ ဆောင်ပုဒ်ကြီးလဲ ။
ဥပမာပေါ့ဗျာ ။
ဝမ်ရိပေါ်က ကောင်မလေးတစ်ယောက်ကို သဘောကျမိပြီဆိုပါစို့ ။ သူဖွင့်ပြောမယ် ။ နောက်ကနေလိုက်မယ် ။ အလိုလိုက်အကြိုက်ဆောင်ပေးမယ် ။ ဒါပေမဲ့ သူ့ကို အဲ့ကောင်မလေးက အဖြေပြန်ပေးပြီဆို လှည့်မကြည့်တော့ဘူး ။
ပြောရရင် သူ့ကိုပြန်ကြိုက်ပြီဆို သူကအဲ့လူကို မကြိုက်တော့ဘူး ။ အဲ့တော့ သူကြိုက်တာခံရတဲ့ သူတိုင်းက သူနဲ့ အီစီကလီအဆင့်သာ ဖြတ်သန်းကြတယ် ။ သူ့ဆီက အာရုံစိုက်မှုကို လိုချင်ကြတော့ အဖြေပြန်မပေးမိအောင် နေကြရတယ်ပေါ့ ။
" ဟေ့ကောင် ဟောက်ရွှမ်း ... မင်းကြည့်ပေးစမ်းပါ ၊ အဲ့စော်က ငါ့ကိုကြွေနေတဲ့ပုံပေါ်လား "
" ဘယ်တစ်ယောက်လဲ "
" ဂုဏ်ထူတန်းတတိယနှစ်က တစ်ယောက်လေ "
" အေး ကြွေနေတယ်ထင်တာပဲ "
" နည်းနည်းလား များများလား "
ကန်တင်းရောက်လာထဲက ပါးစပ်ထဲကို ထမင်းတစ်လုတ်မှမထည့်ရသေးဘူး ။ ဝမ်ရိပေါ်က ဘေးကနေ ဟိုမေးဒီမေးလုပ်နေလို့ ဟောက်ရွှမ်း မျက်ခုံးပင့်ချင်နေပြီ ။
" များများ "
" ဒါဆို ငါခေါက်လိုက်တော့မယ်ကွာ "
ဒီလိုနဲ့ ဝမ်ရိပေါ်ရဲ့ ဇယားထဲက တစ်ယောက်ကတော့ လျော့သွားပြီပေါ့ ။
" ဒါပေမဲ့ တစ်ခေါက်တော့ သွားလိုက်ဦးမယ် "
" ကြွ ! "
ဝမ်ရိပေါ်တို့များ စော်တွေနဲ့တွေ့နေရရင် ဗိုက်ပြည့်နေတယ်ထင်ပါ့ ။ အခုလဲ အရှေ့က စားစရာတွေကို တစ်စက်မှမထိ ။ စားပွဲခုံပေါ်တင်ထားတဲ့ နေကာမျက်မှန်ကိုကောက်တပ်ကာ အရှေ့ကနေ လစ်ခနဲပဲ ထွက်သွားခဲ့ပြီ ။
ဝမ်ဟောက်ရွှမ်းတို့ကတော့ စော်မရနေပါစေ အစားအသောက်တော့ အပျက်မခံနိုင်ပါဘူးနော် ။
YOU ARE READING
ငါပဲကြိုက်မယ် ငါ့ကိုပြန်မကြိုက်နဲ့ !
Fanfiction620♡. စာအုပ်ထဲက One Shot လေးပါ ။ 620♡. စာအုပ်ထဲက One Shot လေးပါ ။