Chapter-43- Work Partners

141 16 4
                                    

Chapter-43

Work Partners

>>>Unicode<<<

မှောက်နေသော ကားအတွင်းတွင် ပထမဆုံး သတိပြန်လည်လာသူက Back ပင်။ သူ့တွင် ထိခိုက်ဒဏ်ရာများ ရထားပြီး နဖူးနားတွင်လည်း သွေးအလိမ်းလိမ်း ဖြစ်နေလေ၏။ ပိုဆိုးသည်က သူ၏ ဘယ်ဘက် မျက်လုံးမှ ရှေ့ကို သဲသဲကွဲကွဲ မမြင်ရခြင်းပင်။ ဘေးတွင် ရှိနေသော Zeckun ကို လှုပ်၍ နှိုးလိုက်သော်လည်း တုံ့ပြန်မှု မရှိ။ အသက်ရှူနေသေးရဲ့လား ဆိုသည်ကို စမ်းကြည့်လေတော့ ပုံမှန်ထက် အသက်ရှူနှုန်းထက် နှေးနေသော်ငြား ဖြည်းဖြည်းတော့ ရှူနေသေးမှန်း သိလိုက်ရသဖြင့် စိတ်အေးသွားလေ၏။ ထို့နောက် အနောက်ခုံမှ Singto နှင့် ဆရာကတော် Kellyan ကို လှည့်ကြည့်လိုက်လေသည်။ သို့သော် သူတို့ နှစ်ယောက်သည် နေရာတွင် မရှိပေ။ အနောက်ကား တံခါးလည်း ပွင့်နေပြီး လူလည်း မရှိသည့်အတွက် ကားမှောက်ကျလာတုန်းက ကားတံခါး ပွင့်ပြီးများ တစ်နေရာရာကို လွင့်သွားသည်လားဟု အတွေးရောက်လာရသည်။

သူတို့ကို သွားရှာရန် ဆုံးဖြတ်လိုက်ပြီးနောက် ကားအတွင်းမှ ထွက်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ ခြေထောက်သည် ဘေးမှ မှန်ကွဲစများ စိုက်ဝင်နေသည့်အတွက် အလွယ်တကူ လှုပ်ရှား၍ မရချေ။ နာကျင်မှုကို အောင့်အည်းသည်းခံကာ ခြေထောက်နားမှ ဘောင်းဘီစ အနည်းငယ် ဆွဲဖြဲလိုက်ပြီး ထိုမှန်ကွဲစကို ကိုင်၍ ဆွဲနှုတ်လိုက်လေသည်။ သေမလို နာကျင်မှုကို ခံစားရသော်လည်း လှုပ်ရှား၍ ရရန်က ပိုအရေးကြီးသည်မို့ ဒဏ်ရာကို ဂရုစိုက်နေ၍ မရပေ။ လက်တွင် ပိတ်စကို ပတ်လိုက်ပြီးနောက် ကွဲနေသော ပြတင်းတံခါးမှ ကျန်ရှိနေသေးသော မှန်စ အနည်းငယ်ကို ဖယ်ရှားလိုက်လေသည်။ ထိုသို့ ပြုလုပ်ပြီးနောက် ကားအတွင်းမှ တွားသွားထွက်လိုက်ရာ အပြင်သို့ အောင်မြင်စွာ ရောက်လာခဲ့လေပြီ။

ထို့နောက် Zeckun ဆီသို့ သွား၍ သူ့ကို နေရာမှ ဆွဲထုတ်ဖို့ ကြိုးစားလိုက်သည်။ သို့သော် သူ၏ ကိုယ်ထက် ပိုလေးပြီး ပိုကြီးမားသော လူကြီးတစ်ယောက်ကို ဆွဲရသည်မှာ မလွယ်ကူပေ။ ထို့အပြင် သူ၏ ဘယ်ဘက် မျက်လုံးသည်လည်း မမြင်သည်မို့ ညာဘက် မျက်လုံး တစ်လုံးတည်းဖြင့်သာ အားပြု၍ ကြည့်နေရသဖြင့် အချို့အရာတွေကို သူသတိမထားမိပေ။ Zeckun ကို အလွယ်တကူ ဆွဲမရသည်မှာ ထိုင်ခုံခါးပတ်ကြိုးနှင့် ခြေထောက်က ငြိနေသောကြောင့် ဖြစ်၏။ အမှောင်တွင်းတွင် လရောင်ကို အားကိုး၍ လှုပ်ရှားနေရသည် ဖြစ်သောကြောင့် သဲသဲကွဲကွဲ မမြင်ရသည်မှာ မဆန်းပေ။ သူ၏ ကြိုးစားအားထုတ်မှုက Zeckun ကို နာကျင်မှု ဖြစ်ပေါ်လာစေပြီး ညည်းတွား၍ သတိလည်ကာ နိုးထလာစေသည်။

Make Me Yours (KristSingto Fanfiction)Where stories live. Discover now