Zawgyi
ခွဲခွာခြင်းများစွာကြုံရဦးမယ်ဆိုတာသိပေမယ့် ခွဲခွာခြင်းရဲ့အစ ဆုံဆည်းခြင်းကိုမက်မောမိသည်။ ဆုံခဲ့ဖူးတဲ့ရိုက်ကွင်းအချို့မှာ မင်းမရှိတော့ပေမယ့် မင်းအရိပ်တွေ မင်းအငွေ့အသက်တွေ အခုထိခံစားနေရဆဲပါ သူဌေးစုန့်။
ငါတို့စဆုံခဲ့ကြတဲ့ရိုက်ကွင်းမှာမင်းကဖြူစင်လွန်းတဲ့သူတော်စင်ဖြစ်ခဲ့ပြီး ငါက ဘယ်သူချွတ်ချွတ်မကျွတ်တဲ့ မိစ္ဆာသဖွယ်ရှင်သန်ခဲ့ရတယ်။ မင်းနဲ့ငါ့ရဲ့သရုပ်ဆောင်အတွဲညီမှုကြောင့် ကြည့်မိကြသူတိုင်းကိုဝမ်းနည်းစေပေမယ့် မင်းကအပြုံးချိုချိုလေးနဲ့ချော့သလို ငါကCandyချိုချိုလေးနဲ့ နှစ်သိမ့်ပေးခဲ့တယ်။
ဆုံခဲ့ရတာ တစ်ခဏမဟုတ်သလို ခွဲခဲ့ရပြန်တော့လဲ ပြန်တွေ့ဖို့ကကြာလိုက်တာ။ အပြုံးလေးတွေကိုလွမ်းလို့ နှလုံးသားလေးလဲကျွမ်းပြီထင်ပါရဲ့။
ဒိုင်ယာရီကိုပိတ်ကာ ဝမ်ဟောက်ရွှမ်းအဝတ်အစားလဲပြင်ဆင်ရန် စာရေးစားပွဲမှထလိုက်သည်။ ဒီနေ့ စောင့်မျှော်နေရတဲ့ဆုံတွေ့ရမယ့်နေ့လေး နေ့ထူးနေ့မြတ်ဆိုတာ ကိုယ့်ဘာသာကိုယ်လဲ သတ်မှတ်လို့ရတယ်မလား။ဒါဆိုဒီနေ့က အထူးမြတ်ဆုံးနေ့ သူဌေးစုန့်ရဲ့ မွေးနေ့။
ညက ၁၂နာရီအတိမှာwishလုပ်ချင်ပေမယ့် စောင့်ကြည့်နေကြတဲ့ ကျဲကျဲ မိန့်မိန့်တွေကြောင့် မသိမသာနဲ့ ပုံလေးeditပြီးတင်လိုက်ပေမယ့် အချိန်မဆိုင်းပဲ အားချင်းနေရာကသရုပ်ဆောင်ရဲ့ခေါင်းပါeditထားကိုတွေ့သွားကြတယ်။ မလုံမလဲတော့မဖြစ်မိပါဘူး သိစေချင်လို့တင်လိုက်တာပဲလေ။
ရေချိုးပြီး အဝတ်အစားလဲတော့ ဘာအရောင်လေးဝတ်ရင်ကောင်းမလဲ ပန်းရောင်ဝတ်ရင်လဲ သူဌေးစုန့်fanလခြမ်းကွေးတွေနဲ့အရောင်တူနေဦးမယ် အဝါရောင်ဝတ်တော့လဲ xuanmiတွေကရှိနေပြန်တယ်။ အပြာရောင်ဆွယ်တာလေးပဲဝတ်ရမလား အပြာရောင်ရှပ်အစင်းလေးပဲဝတ်ရမလား။
မတွေ့တာကြာတဲ့တွေ့ဆုံမှုဆိုတော့လဲ ရှပ်အပြာစင်းလေးနဲ့ Gentlemanဆန်ဆန်ဝတ်သွားမယ် သူဌေးစုန့် ကြွေလိုက်စမ်း။ အတွေးနဲ့တင်ပြုံးလိုက်တာ သွားစွယ်လေးတောင် လက်ခနဲဖြစ်သွားလေရဲ့။