'ဟိုင်း ယီ..morning!'
ကန်တင်းမှာ စားနေတုန်း လာနှုတ်ဆက်တာမို့ ကြည့်လိုက်တော့ ဟို ကျောင်းသားသစ်လေး။
'ထိုင်လေ ရှောင်းကျန့်..မင်းစားပြီးပြီလား..'
'ငါစားပြီ..မင်းနဲ့အတူ ပြန်မယ်လေ'မျက်နှာချင်းဆိုင် ဝင်ထိုင်ရင်း ပြောတဲ့ ရှောင်းကျန့်ကို ကြည့်ပြီး ပြုံးမိတယ်။တကယ် အပြင်မှာတွေ့ရမယ်လို့ အိပ်မက်ထဲတောင် မတွေးမိခဲ့ဖူးဘူး။မနေ့ကမှ ရောက်လာပေမယ့် ရိုးသား ဖော်ရွေပြီး ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်တာမို့ အတော် ရင်းနီးသွားခဲ့တယ်။
'Who is he?'
ပါးစပ်လှုပ်ရုံလေး မေးတာမို့ နားမလည်းပဲ ကြောင်ကြည့်နေတော့ လက်ညှိုးလေးထိုးပြတယ်။ ဟုတ်သား ဘေးမှာ ကောရှိနေတာကို မေ့နေတာ။ကောကလည်း မျက်လုံးတောင်လှန်မကြည့်ဘူး။
ဆောရီး ကောအကြောင်းမေ့သွားတယ်။သူကအဲလိုပဲ သူ့အာရုံနဲ့သူ တခြားဘာကိုမှ ဂရုစိုက်တတ်တာမှ မဟုတ်တာ။
'အာ..အဲဒါ..သူက ငါ့အစ်ကို ဝမ်ရိပေါ် final က..ကော ဒါ ကျနော့်သူငယ်ချင်းအသစ် ရှောင်းကျန့်တဲ့..'
ယီကျိုး မိတ်ဆက်ပေးလိုက်မှ လက်ထဲက ဇွန်းခက်ရင်းကို ချပြီး ကြည့်လိုက်တော့ မျက်လုံးတောက်တောက်လေးတွေနဲ့ လက်ကမ်းပြီးနှုတ်ဆက်တဲ့ လူသားလေး။
အသိအမှတ်ပြုသလို ခေါင်းတချက်ညိတ်ပြပြီး လက်ဆွဲနှုတ်ဆက်လိုက်တော့ နူးညံတဲ့လက်ဖဝါးလေး။ဝါဂွမ်းအိအိေလးလို လက်ဖဝါးလေးက သူ့အတွက် စိမ်းသက်မနေဘဲ နွေးထွေးနေခဲ့တယ်။
'Wow..he is very cool '
သူ့ကို ကြည့်ပြီး ဒဲ့တိုးကြီးပြောလိုက်တဲ့ စကားတခွန်းနဲ့အတူ တချက်ရယ်လိုက်တော့ ဆေးမကူပဲ ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းပါးအောက်က မှဲ့နက်လေး။တရုတ်တရက် အိပ်နေတဲ့ နှလုံးသားလေးက လူးလွန့်လာပြီး ဗြောင်းဆန်ကုန်တယ်။
နှုတ်ဖျားကနေ တိုးတိုးလေး ထွက်လာတဲ့ နမ်စားလေးက 'သိုးကလေး'တဲ့လေ။
KAMU SEDANG MEMBACA
Hăo Jiŭ Bù Jiàn(好久不见)(Completed )