'ကော..မင်း Toy အကြောင်းသိချင်လား..´
မျက်နှာချင်းဆိုင်ထိုင်ရင်း ညစာစားနေတဲ့ ယီကျိုးက မေးတယ်။Toy....?? ဘယ်က Toy လဲဟ။ ဒါပေမယ့် အပြင်မှာတော့ ဘာမှပြန်မမေးဖြစ်ဘဲ မျက်လုံးတချက်သာ လှန်ကြည့်မိတယ်။
'Toy ဆိုတာ..ရှောင်းကျန့်နာမည်လေ.. Game ထဲက User name ဆိုပိုမှန်မယ်..သူ့အကြောင်းသိချင်လား.. ကျနော်ပြောပြမယ်လေ..´
တက်ကြွတဲ့လေသံနဲ့ ပြောလာတဲ့ ယီကျိုးကို ဘာမှပြန်မပြောမိပေမယ့် စိတ်ထဲကနေတော့ မြန်မြန်ပြောပါစေလို့ ဆုတောင်းနေမိတယ်။
ရိပေါ်ဆိုတာ အဲလိုပဲ။စိတ်ထဲမှာ ဘယ်ေလာက်ပဲ ကမ္ဘာပျက်နေပါစေ အပြင်မှာတော့ ထုတ်ပြတတ်တဲ့ သူမျိုးမဟုတ်ဘူး။ခခယယနဲ့ ပြောမှရမယ့်ဟာမျိုးဆို ပိုတောင်ဝေးသေး။
ဒါပေမယ့် ရိပေါ်ရဲ့ ဆုတောင်းက တကယ်ပြည့်ခဲ့ပါတယ်။'တကယ်တော့ ကျနော်က ရှောင်းကျန့်ရဲ့ Fan ဆိုလည်း ဟုတ်တယ်..ကျောင်းမဖွင့်ခင်ထိတော့ သူstream လုပ်သေးတယ်..အတန်းထဲက တဝက်လောက်ဆို
ရှောင်းကျန့် Fan တွေချည်းပဲ..ကောက God of Warrior ဂိမ်းမဆော့တော့ သ်ိမှာ မဟုတ်ဘူး..ချီဝူးကောတော့ သိလောက်မယ် ´ဘာမှဆက်မပြောတော့ဘဲ ဟင်းချိုလေးခပ်သောက်နေတဲ့ ယီကျိုးကို မျက်မှောင်ကြုတ် ကြည့်လိုက်မိတယ်။မင်း ငါ့
သည်းခံနိုင်စွမ်းကို စမ်းသပ်နေတာလား ယီကျိုး။မြန်မြန်ပြောတော့ဟ။ငါ ထုမိတော့မယ်။'အဲတော့...´
သည်းမခံနိုင်တဲ့အဆုံး ပါးစပ်ထဲက ထွက်သွားတဲ့ စကားတခွန်း။ယီကျိုးက ရိပေါ်ကိုကြည့်ပြီး တချက်ပြုံးတယ်။ခုတော့ စိတ်ဝင်စားသွားပြီမလား လို့ပြောနေသလိုပဲ အဲ့အပြုံးက။
'အဲ့ ဂိမ်းက ရှောင်းကျန့်ဦးလေးရဲ့ game company က သူ့ ၁၆နှစ်ပြည့်မွေးနေ့အတွက် ရည်ရွယ်ပြီးထုတ်တာ..သူက sever တခုလုံးရဲ့ Top 1 player ပဲလေ..သူ stream လုပ်ပြီးနောက်ပိုင်း playerတွေ ပိုတိုးလာတယ်..ကျနော်တောင် အပြင်မှ တကယ်တွေ့ချင်နေတာ..ကံကောင်းတော့ အတန်းထဲအတူထိုင်ရဖို့ပါဖြစ်လာတာပဲ ´
YOU ARE READING
Hăo Jiŭ Bù Jiàn(好久不见)(Completed )