Part-5

49 2 0
                                    

ရှောင်ကျန့်ကျောင်းရောက်တော့ စောနေသေးတာနဲ့ သူ့ကလေး အခန်းဘက်ထွက်လာခဲ့ပေမယ့် ရိပေါ်ကမရောက်သေးဘူး။
အာ့နဲ့သူလည်းသူ့အတန်းကိုပြန်လာခဲ့တော့တယ်။
သူသွားပြီးမကြာပါဘူး ရိပေါ်လေးရောက်လာတယ်။ရုပ်ရှင်တွေထဲကလို
ကပ်ပြီးလွဲသွားတာပေါ့။
(ခနလောက်စောင့်လိုက်ရင် တွေ့နေပီကို
ကိုကြီးကျန့်တို့ကတော့)

ရိပေါ်လည်း သူ့ကောကောတို့အခန်းကို
သွားချင်ပေမယ့် အချေဂုဏ်ပုဒ်လေးကလဲ မပျက်ချင်တော့ ဟိုကများလာမလားဆိုပြီး အခန်းပေါက်ကို မျှော်နေမိတယ်။
ဒါပေမယ့် ရောက်မလာခဲ့ပါဘူး။😣😔

(ဟိုကပြန်သွားပြီလေ ရှင်ရယ် ကျောင်းစောစောမလာပဲနက် ခုမှ😏)

သူကလဲသူပဲ ကျောင်းလာခါနီးမှ အခန်းထဲကမှန်ရှေ့ပြန်သွားပြီး ပဲသွားများနေမိတာကိုး။
(သိပ်မလှချင်ရှာ)

"ဟွန်းး မသိတော့ဘူးကွာ စာပဲဖတ်နေတော့မယ်"
ဒီဘက်ကရိပေါ်လေးမှာတော့ အေးဆေးစာဖတ်နေသလောက် ကိုကြီးရှောင်ကျန့်
တို့အတွက်ကတော့⤵

ရှောင်ကျန့် ရိပေါ်အခန်းကပြန်လာတော့
လမ်းမှာ ဟိုဂြိုလ်ဆိုးအုပ်စုနဲ့တွေ့တယ်။
စပ်စလူးဂျပုမ မိန်မိန်လည်း ပါလာတယ်။

"ကျန့်ကျန့် " (ရုံးပဒေသီးအသံဖြင့်ဖတ်ရန်)

"ရပ်"
ရှောင်ကျန့်သူ့စီကို တိုက်တန်းနစ်ship
ကြီးစီးနေသလို လက်ကြီးနှစ်ဖက်ဆန့်ပြီးပြေးလာတဲ့ ဂျပုမနှဖူးကို သူ့လက်ဝါးနဲ့တားထားလိုက်တယ်။
(မှတ်ပလား ကျန့်ကောကိုဖတ်ချင်အုံး
ဒါတောင်ရိပေါ်နဲ့မတွေ့သေးလို့)

"ဟာကျန့်ကျန့် လက်ဖယ်ပေးပါအုံး
မိန့်ရဲမိတ်ကပ်တွေပျက်တော့မယ်"

"ပျက်ပစေ မဖယ်ဘူး
ရှေ့တိုးမလာနဲ့နော်"

"ကျန့် မတိုးတော့ဘူး ဖယ်ပေးတော့"

"သေချာတယ်နော်"

"အွန်းပါဆို"

"ပြီးရော"
ရှောင်ကျန့်လည်း လက်ဖယ်ပေးလိုက်ပြီး
သူ့ကိုဂြိုလ်ပေးနေတဲ့ သကောင့်သားကိုမေးဆတ်ပြလိုက်တယ် ဘာကိစ္စလည်းပေါ့။

 对不起 [Duìbùqǐ]Where stories live. Discover now