Final

11.8K 596 51
                                    

Uni

❀. ကြာငယ် .❀

"မောင်...မောင်"

ငိုနေတဲ့ကျွန်တော့်နဖူူနားကို မောင်ကချီရက်နဲ့ပင် သူ့နဖူးနဲ့ကပ်ကာ ပြောလာတဲ့စကားက..

"ကို..ကိုကိုမောင်..ဘာမှမဖြစ်ဘူးနော်..ကို..ကိုကို့ကိုအပြင်ရောက်အောင်..မောင်..မောင်ကိုယ်တိုင်ခေါ်ထုတ်မယ်"တဲ့လေ..

"ဟာဒီခွေးမသား"

၀မ်ချောင်ကတော့ထိုလူကိုသာပြေးကန်နေမိသည်..

ထိုချိန်..

"တပ်ကြပ်.."

၀မ်ချောင်ကိုအလေးပြုနေကြတဲ့ထိုလူတွေ..

"မောင်..ရဲ..ရဲတွေလာပြီ...ချပေးတော့နော်မောင်.."

"ဟင့်အင်း..မောင်ကိုယ်တိုင်ကိုကို့ကိုခေါ်ထုတ်ပါရစေ..မောင်ကိုကို့ကို တစ်ခါလောက်ဖြစ်ဖြစ်ကာကွယ်ပေးပါရစေ.."

"မောင်ကာကွယ်ပေးခဲ့ပြီပြီလေမောင်ရယ်"

"ဟင့်အင်း‌ကိုကို..မောင်..မောင့်ကိုခွင့်ပြုပါ.."

အားတင်းကာပြောနေတဲ့မောင်အားလည်ပင်း၌ဖက်တွယ်ရင်းပြောမိသည်က..

"ကောအရမ်းချစ်တယ်မောင်"

ထိုစကားဆိုတော့မောင်ကပြုံးလေရဲ့...

သွေးသံတရဲရဲနဲ့မောင်..ကျွန်တော်ငိုနေသည်ကြောင့် အာရုံပြောင်းပေးရန်ကြံနေသည်ထင်..

"ကို...ကိုကိုမှတ်မိသေးလား..ကျွန်တော်တို့စတွေ့ခဲ့တဲ့အချိန်တုန်းကလေ.."

"အင်းကောမှတ်မိတာပေါ့မောင်ရယ်.."

"အဲ့တုန်းကကောကသွားကြီးကြီးနဲ့လေ..ဟ..အခုထိလည်းကြီး..ကြီးတုန်းပဲနော်..."

"အဲ့တုန်းကမောင်က ၀၀ကစ်ကစ်နဲ့၀က်ပေါက်လေ..လုံးလုံးလေးနဲ့ကောဆီပြေးလာရင်ဘောလူံးလေးလိမ့်လာသလိုပဲ..

ဟားဟား..

ထိုရီမောသံက စိတ်အတွင်းပြည့်နှက်နေတဲ့ သောကတွေကိုဖုံးကွယ်ရန်အတွက်သာ..

မောင်ဟာတကယ်ကတိအတိုင်းအပြင်သို့ရောက်အောင်ခေါ်ထုတ်ပေးခဲ့သည်..

❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » CompletedHikayelerin yaşadığı yer. Şimdi keşfedin