27 / Unicode

435 65 12
                                    

[အောင်နိုင်သူ အရှုံးသမား]

ခပ်ဟဟတံခါးကိုတွန်းပြီးဝင်လိုက်တော့ အလုပ်စားပွဲပေါ်ခေါင်းမှောက်အိပ်ပျော်နေတဲ့ Ryan ကို စိတ်မသက်မသာစရာကောင်းအောင် တွေ့လိုက်ရတယ်။ စားပွဲပေါ်ကစာရွက်တွေကြမ်းပြင်ပျော်ကျလိုကျနဲ့။ ဘာတွေများစိတ်ရှုပ်စရာတွေရှိနေလဲလို့ထုတ်မေးချင်ပါတယ်။ Ryan ဆိုတာသူဘယ်တော့မှဖတ်ခွင့်မရတဲ့ ဗလာစာအုပ်ကြီးလိုပဲ။

ညက အနားကိုလာသွားသေးလားမသေချာပါဘူး။ တစ်စုံတစ်ယောက်ကစောင်ကိုခြုံသွားပေးသလား၊ မခြုံပေးသွားဘူးလားဆိုတာလဲမသေချာဘူး။ သူအိပ်မက်တွေမက်နေခဲ့သလိုအိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေခဲ့ပေမဲ့ ညက ရာသီဥတုကိုဆန့်ကျင်လို့ သိပ်နွေးခဲ့ပါတယ်။

ပြတင်းပေါက်လိုက်လာစတွေကိုလှန်တင်လိုက်တော့ အမြဲတစေ ငေးငေးယူရတဲ့ အနောက်တိုင်းသားကြီးရဲ့မျက်နှာပေါ်ကိုအလင်းထိုးတယ်။ အလင်းရောင်ရဲ့အကူအညီနဲ့ပြောင်နေတဲ့ပါးသိုင်းမွှေးအတိုစတွေကိုထိကိုင်ကြည့်ရင်း ပါးကိုပုတ်လို့လှုပ်နှိုးနေမိတယ်။

သိပ်ကြာကြာမနှိုးလိုက်ရပါဘူး။ တစ်ချက်တွန့်ပြီးRyanက အပျင်းကြောဆန့်ရင်းထလိုက်တယ်။ နားထင်တွေကိုလက်နဲ့ဖိနှိပ်နေပြန်ပြီ။

"အိပ်ရေးမဝဘူးလား ဦးငယ်"

"အင်း ညက တော်တော်လေးနောက်ကျသွားလို့"

စားပွဲပေါ်ကိုမေးတစ်ဖက်ထောက်တင်ရင်း မျက်လုံးတွေမှိတ်ထားပြန်တယ်။ မနေနိုင်ဘဲသက်တန့်ရဲ့လက်တွေက Ryan ရဲ့ဆံနွယ်အညိုတွေကြား တိုးဝင်မိကုန်​ရော။ မရပ်တန့်လိုက်ချင်ဘူး။ ထိတွေ့ထားတယ်လို့သိရရုံလေးနူးညံ့တဲ့အထိအတွေ့မျိုးကို သက်တန့်သဘောကျတယ်။

"မင်းလုပ်မှငါပိုငိုက်လာပြီ ဝါးးးး"

"Appoinment ယူထားတဲ့လူနာတွေများလို့လား၊ ဒီနေ့နားလိုက်ပါလား၊ ဦးငယ်အနားယူဖို့လိုနေတယ်"

"အမှန်အတိုင်းပြောရရင် ဒီနေ့ OPD (out patient department=ပြင်ပလူနာဌာန) မထိုင်ရဘူး"

"ဒါဆိုမသွားနဲ့​တော့"

ရှုပ်ပွနေတဲ့အိပ်ယာကိုအပြစ်ရှာရင်း ယောကျ်ားတစ်ယောက်ရဲ့အိပ်ယာနိုးထချိန်ခန့်ညားမှုကို ဆက်ပြီးငေးမနေဖို့အားထုတ်ရတယ်။ တစ်စတစ်စငြိတွယ်ခြင်းတွေကနက်ရှိုင်းလာနေတော့ ဆေးလုံးတွေမျိုချပြီးပဲဖြစ်ဖြစ်သက်တန့်ရုန်းထွက်ချင်တယ်။ မဖြစ်နိုင်ဘူးဆိုတာသိပေမယ့် အိပ်မက်တွေထဲထည့်မက်ပါရစေဦး။ မနီးခင်ကတည်းကဝေးနေပြီးသားလူတစ်ယောက်ကို အနီးကနေသူတစိမ့်စိမ့်ငေးတယ်။

Be My Chlorophyll [completed]Where stories live. Discover now