New Date

5.5K 282 23
                                    

Jennie မှာ ဒဏ်ရာက သက်သာနေပြီဖြစ်ကာ သွားလာနိုင်ပြီဖြစ်သဖြင့် Janeလေးက ကစားကွင်းပို့ခိုင်းနေတော့သည်.....

Lisaကလည်း နားရက်ဖြစ်နေသဖြင့် Jane လေးအား လိုက်ပို့ပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်လေသည်..

"Baby လေး Haramoni ကို ရေချိုးပြီးအဝတ်လဲခိုင်းလိုက်နော် ပြီးရင် mommy တို့ ကစားကွင်းသွားကြမယ်....” ဟု ဆိုသဖြင်​့ Jane လေးက အခန်းထဲမှ ခုန်ပေါက်ကာ ထွက်သွားလေတော့သည်......

Jane လေးထွက်သွားမှပင် lisaက Jennieနားသို့ကပ်ကာ.......

"Jenn လာပါဦးကွာ.... ခနလောက်ဖက်ထားရအောင် Janeလေးမလာခင်....” ဟု ဆိုကာ Jennieကိုယ်လေးကို ရင်ခွင်ထဲနစ်မြုပ်နေအောင်ဖက်ထားလိုက်တော့သည်........

ထို့နောက် သူမပုခုံးနုနုလေးပေါ်မျက်နှာအပ်ကာ နမ်းရှိုက်လိုက်သည်.... ထိုမှတဆင့် လည်တိုင်နုနုလေးကို စုပ်ယူနမ်းရှိုက်လိုက်ပြန်သည်...... ကြမ်းသွားသဖြင့် သူမထံမှညီးညူသံလေးကိုကြားလိုက်ရမှ သူလွှတ်ကာ နှုတ်ခမ်းဖျားတွေဆီသို့အနမ်းကိုပြန်လည်ဦးတည်လိုက်သည်......

သူ့၏နူးညံ့သော အနမ်းလေးများကို Jennieမျက်ဝန်းလေးများမှိတ်ကာခံယူလိုက်သည်....... အမြဲတမ်းမပြောင်းလဲသော ထိုနူးညံ့သော နှုတ်ခမ်းလေးများကို သူမ တုံ့ပြန်အနမ်းများပေးနေမိသည်.... 
ထိုစဥ် တွင် Jisoo က တံခါးဖွင့်ကာ

"NiNi. .... ကစားကွင်းသွားကြ.....သွားကြမလို့......ဆို.....”
အသံကြားတော့ သူတို့လူချင်းအမြဲခွဲကာ lisa က

"Arrr. ....unnie. ..... ဘာလို့တံခါးမခေါက်တာလဲ.....” ဟုလှမ်းအော်လိုက်တော့

"Yarr. .... ငါလဲဘယ်သိပါ့မလဲ နင်တို့ကနေ့ခင်းကြောင်တောင်လဲ...ဟိဟိ....” ဟုသူ့စကားကိုကိုသူဆက်မပြောဘဲရီပြနေသဖြင့်

"Unnie ကတမျိုး ကလေးကတမျိုးနဲ့
ဒီမှာ ညစာငတ်နေတာကြာပြီလေ.... ညစာလဲမရ နေ့လည်စာလဲမရနဲ့....ငါ့ဘဝကလည်းနော်....” ဟု lisa ရီရွတ်လိုက်တော့ Jennieက သူ့ဗိုက်ခေါက်ကို လှမ်းဆွဲကာ

"Honey.  ..... unnieရှေ့မှာ ဘာတွေပြောနေတာလဲ....” ဟုဆိုလိုက်တော့

"အား....အား.... unnie ရေ ကယ်ပါဦး... ” ဟုဆိုနေသဖြင့် Jisoo ပခုံးတွန့်ပြကာ

Love at first sight 😍Onde histórias criam vida. Descubra agora