Unicode
ဒီနေ့ အတန်းစောစောဆင်းတာကြောင့်Kooတို့အတန်းဘက်လျောက်လာခဲ့သည်။Koo ကိုလှမ်းကြည့်တော့ ဆရာစာသင်တာကို စိတ်ဝင်တစားနားထောင်နေတာများ အသဲယားလို့ ကိုက်စားပစ်ချင်စရာကောင်းလှသည်။Koo ကို ကြည့်နေရင်း Koo နဲ့ နှစ်ခုံကျော်မှာထိုင်နေတဲ့ Kooနဲ့စကားပြောနေကျ ကောင်မလေးကို မြင်တော့ စိတ်ထဲ တစ်မျိုးခံစားလိုက်ရသေးသည်။Koo နဲ့အဲ့ကောင်မလေးက အတန်းတူတော့အမြဲတမ်းစကားပြောဖြစ်ကျမှာပဲနော်။ကောင်မလေးကို ကြည့်နေတုန်း ကောင်မလေးက သူ့ကို ရုတ်တရက် ပြန်ကြည့်လာပြီး ပြုံးပြလာသည်။သူလည်းပြန်ပြုံးပြလိုက်ပါတယ်။အဲ့လိုမလုပ်ရင်သူရိုင်းရာကျမယ်မလား။ကောင်မလေးဆီကနေအကြည့်လွဲပြီး Koo ကို ကြည့်တော့ အမလေး မျက်မှောင်ကြီးကျုံ့ပြီးကြည့်နေတာများ လန့်တောင်သွားတယ်။မျက်မှောင်ကျုံ့ထားတဲ့အပြင် လျာကိုပါ ပါးစောင်ထိုးထားလိုက်သေးတာ။Jimin နံရံနဲ့ ကွယ်လိုက်ပြီး Koo အတန်းပြီးတဲ့ထိသာ ရပ်စောင့်နေလိုက်သည်။ခနကြာတော့ အခန်းထဲကဆရာထွက်လာပြီး နောက်က ကျောင်းသားတွေတန်းစီထွက်လာကြသည်။အဲ့ထဲကမှဟိုကောင်မလေးက သူ့ရှေ့အပြေးရောက်လာတာက အံ့သြစရာ။
"အမလေး!....Jungkook ကို လာစောင့်တာလား"
"ဟုတ်"
"ခုတလော မလာတာကြာပြီနော် မျှော်နေတာ"
"ဗျာ....ဘာလို့လဲ"
"ဟီး....Ph no လေးပေးပါလား"
အခု ဒီကောင်မလေးက သူ့ဖုန်းနံပါတ်လာတောင်းနေတာလား။လှမ်းပေးလာတဲ့ Ph ကို ဆွဲယူလိုက်ပြီး Ph no ရိုက်ပေးလိုက်သည်။
"အခုက ပြန်တော့မှာလား Jungkook နဲ့ဘယ်သွားကြဦးမှာလဲ"
"အာ....အဲ့တာက"
"ထားလိုက်ပါခုတော့ နောက်ဆိုသိလာမှာပဲ"
"ဗျာ"
"အကို့ကို မတွေ့တာကြာလို့ Jungkook ကို မေးတာကို တစ်စက်လေးမှမဖြေဘူး ခုတွေ့ရတော့ စိတ်ချမ်းသာသွားပြီ ညကျ ဖုန်းဆက်မယ်နော်"
ပြောရင်ရာပြောပြီး ထွက်သွားတဲ့ကောင်မလေးကို Jimin နားမလည်စွာပင် ကြည့်နေလိုက်သည်။ကောင်မလေးဆီက အကြည့်လွဲပြီး ရှေ့ကို ပြန်လှည့်လာတော့ Koo က သူ့ရှေ့တည့်တည့်ကို ဘယ်ချိန်ထဲကရောက်နေတာလဲ။