(Unicode)
နာကျင်မျက်ရည်(Only Love)-53
ညီမင်းခ လက်တွေ တုန်ယင်နေပြီး ဖုန်းထဲက
Viber ကိုဖွင့်ကြည့်လိုက်သည်။Viber ထဲ မှာ ခင်ဝတ်မှုံ ပို့ထားတဲ့ fileကို ဝင်ကြည့်တော့ ဓါတ်ပုံတွေ တွေ့ရသည်။
ဓါတ်ပုံတွေက ခင်ဝတ်မှုံ နှင့် ရှိုင်းတို့ဖက်နေသော ဓါတ်ပုံတွေဖြစ်သည်။
ဓါတ်ပုံတွေကိုကြည့်ရင်း မင်းခ ရဲ့ ပါးပြင်ထက်မှာ မျက်ရည်ပူတွေလိမ့်စီးကျလာသည်။
ရင်ထဲမှာလည်း တဆစ်ဆစ် နာကျင်နေပြီး
မယုံကြည်နိုင်ဖြစ်နေမိသည်။တုန်ယင်စွာ နဲ့ ထိုင်ခုံပေါ်ကို ထိုက်ချလိုက်ပြီး
ထမင်းစား စားပွဲ ပေါ်ကို မှောက်ချလိုက်သည်။ ရင်ထဲမှာ နင့်သီးစွာ ငိုကြွေးနေရင်း
သူ့ခေါင်းကို လူတစ်ယောက် လာကိုင် မှန်း သိတော့ မော့ကြည့်မိသည်။ကြည့်လိုက်တော့ ရှိုင်းကို တွေ့ပြီး မျက်ရည်တွေကို ကပျာကယာ သုတ်လိုက်သည်။
"ရှိုင်း.... ဗိုက်ဆာနေပြီလား... ခဏစောင့်ဦးနော်..." ဟုပြောပြီး ထမည် ပြုတော့ ရှိုင်းက လက်ကို လှမ်းဆွဲသည်။
"မင်းခ... မင်းငိုနေတယ်... ဘာလို့ ငိုနေတာလဲ..." ရှိုင်းကမေတော့ မင်းခ က ခေါင်းကို ငုံ့ထားသည်။
"ငါမေးနေတယ်လေ... ဘာလို့ ငိုနေတာလဲလို့" ရှိုင်းရဲ့ လေသံ က မာကျောနေသည်။
" ဟို... ဟို... ကြက်သွန် မွှန်နေလို့ပါ...." မင်းက မဝံ့မရဲဖြေသည်။ လိမ်ညာ ပြီးဖြေဝာာမို့ အသံက တုန်နေသည်။
" မလိမ်နဲ့ ... ဘာဖြစ်တာလဲ... ရှိုင်းကမေးရင်း စားပွဲပေါ်က ဖုန်းဆီကို မျက်လုံးရောက်သွားသည်။
ရှိုင်းက ကောက်ကိုင်ပြီးကြည့်လိုက်တော့ ဓါတ်ပုံတွေကို မြင်သွားသည်။
" ဟာ... ဒီ ဓါတ်ပုံတွေ ဘယ်သူပို့လိုက်တာလဲ..." ရှိုင်းက ပြောပြီး ပေါက်ကွဲနေတုန်း
မင်းခ က မျက်ရည်စလေးတွေ နဲ့ ရှိုင်းကိုမော့ကြည့်ပြီး" ခင်ဝတ်မှုံ ပို့လိုက်တာ.... အဲ့တာ ဘာ တွေ လဲ လို့ ငါမမေးပါဘူး...ဘာလို့လဲတိုတော့ .." ဟုပြောနေစဉ် ရှိုင်းက မင်းခ ကို နမ်းလိုက်သည်။
ВЫ ЧИТАЕТЕ
နာကျင်မျက်ရည်(Only Love)(BL Story)(Completed)
Любовные романыလူတစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ လိုအပ်တာ က အချစ်သည်သာ