Dirge for you and the end of the beginning...🖤
နေ့ရက်တွေက ထပ်တူညီစွာပဲ...အပိုအလိုမရှိ သတ်မှတ်ထားတဲ့ အတိုင်း စည်းတွေ ဘောင်တွေ ..တာဝန်ယူမှုတွေ
ဂုဏ်သိက္ခာတွေကြား...မျိုးဆက်သစ်ကျွန်တော်တို့က
progrem ထည့်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်လို...
သတ်မှတ်ချက်တွေကြားမှာ ပျော်မွေ့နေရတဲ့သူတွေ...ရှောင်ရှောင်ကျန့်ဆိုတဲ့ ရှောင်းလုပ်ငန်းစုရဲ့ဆက်ခံသူ ကျွန်တော်က အများအမြင်မှာ အသက်ငယ်ငယ်နဲ့ အောင်မြင်နေတဲ့ ceo တစ်ယောက်...
ဒါပေမဲ့ နောက်ကွယ်က မိဘတွေရဲ့ ကြိုးကိုင်မှုကြားမှာ
လိုသလိုကပြဖျော်ဖြေနေရဲ့ ကကြိုးရုပ်မှန်း ဘယ်သူမှမသိကြဘူး....အင်းလူတစ်ယောက်ကလွဲရင်...တစ်နိုင်ငံလုံးရဲ့ အအောင်မြင်ဆုံးလူပ်ငန်း စုတွေဖြစ်တဲ့ ရှောင်လုပ်ငန်းစုနဲ့ ဝမ်လုပ်ငန်းစု....
ကျွန်တော်နဲ့ ဝမ်လုပ်ငန်းစုရဲ့ ဆက်ခံသူ ဝမ်ရိပေါ်က
ကျောင်းနေဘက် သူငယ်ချင်းတွေ...ပြောရရင် ဝမ် ကလွဲရင် တစ်ခြားသူနဲ့အပေါင်းအသင်းလုပ်ခွင့်မရှိခဲ့တာပေါ့...ပါးနဲ့မားရဲ့အမိန့်လေ....
မာနကြီးသလို ဂုဏ်မက်လွန်းတဲ့ပါးနဲ့ အဆင့်အတန်းခွဲခြားပြီး ရှေးရိုးဆွဲကြီးလွန်းတဲ့မား....ဘောင်တစ်ခုထဲမှာ ငယ်ငယ်ထဲက ရိုက်သွင်းခံထားရတဲ့ကျွန်တော်က ဝမ့်အပြင် တစ်ခြားလူတွေနဲ့မပတ်သက်ရဲခဲ့ဘူး....
ဝမ်နဲ့ကျွန်တော်ရဲ့ဘဝက ထပ်တူညီနေတဲ့အခါ ဝမ်အတွက်ကျွန်တော်ပဲရှိခဲ့သလို.....ကျွန်တော့်အတွက် လည်း ဝမ်သာရှိခဲ့တာမျိုး..အချိန်တွေနဲ့ သံယောဇဉ်တွေနှောင်ဖွဲ့လာတဲ့အခါ...
မလုပ်သင့်တဲ့အမှားတစ်ခုကြူးလွန်မိကြတယ်....
အဖြူထည် အချစ်တွေကနေ ကာလာခြယ်တဲ့ အချစ်တွေအဖြစ်ကူးပြောင်းလာတာမျို.....နက်နက်ရှိုင်းရှိုင်းချစ်မိပြီးသွားတဲ့နောက်မှာ....
အရာရာကိုကြောက်ရွံ့လာတယ်...
ပါးနဲ့မားသာသိ သွားရင်ဆိုဆဲ့အတွေးက ကျွန်တော်ကိုအကြိမ် ကြိမ်သတ်တယ်...တစ်နေ့အသိပေးရမှာမှန်ပေမဲ့ ရှေးရိုးဆွဲလွန်းတဲ့မားနဲ့...
ဂုဏ်သိက္ခာကိုတန်ဖိုးထားလွန်းတဲ့ပါးက သေချာပေါက် ကန့်ကွက်မှာကို ကျွန်တော်တပ်အပ်သိနေခဲ့တယ်....
YOU ARE READING
dirge for you and the end of the beginning(one shoryt)
Romancefan fic (yibo xiao zhan)(uni- zawgyi)