Part.19{U+Z}

1.6K 93 0
                                    

(Unicode)

ကျန့်ကျန့်က ဆေးသွင်းထားတဲ့အရှိန်ကြောင့်
မနိုးသေပါ အခုလဲ မိုးလင်းခါနီးနေပါပီး
ဝမ်ရိပေါ်က မနေ့ကတည်းက အခုချိန်ထိ  တစ်ရေးမှလဲမအိပ်ပဲကုတင်ဘေးမှာထိုင်နေပီးကျန့်ကျန့် လက်ကလေးကို ကိုင်ထားသည်။

"ဘေဘီရယ် ဘာလို့ အကြာကြီး အိပ်ပျော်နေတာလဲ ဟာ ..."

ခနကြာတော့ ကျန့်ကျန့်လေးက လက်ချောင်းတွေလှုပ်လာပီး နိုးလာခဲ့သည် ။

"ကလေး သတိရပီးလား."

ဖွားဖွား လဲ ကျန့်ကျန့်အနားကပ်လာပီး ...
"မြေးလေး ကျန့်ကျန့်လေး သတိရလာပီးလားဘယ်လိုနေသေးလဲ...."

"ကလေးလေး ကိုကိုရှိတယ်နော်
ဗိုက်အောင့်သေးလား ဘာဖြစ်လဲ ကိုကို့ကိုပြောနော် "

"ကိုကို .....ကိုကို ကိုကို ဟင့်..! နောက်ဆုံးတော့ ရောက်လာပီး...ဟင့်........အီးဟီး...!!"
ကျန့်ကျန့်က ဝမ်ရိပေါ်ကို တွေ့တော့ ငိုချလိုက်ပါလေရော။

"အယ် ကလေးရယ်  မငိုရဘူးလေ...မငိုနဲ့နော် ကိုကိုရောက်ပီးလေ....နော်"
ရိပေါ်က ကျန့်ကျန့် ပါးပြင်ပေါ်က မျက်ရည်တွေကိုသုတ်ပေးလိုက်သည်။

"ကလေးဘယ်ရောက်နေလဲဟင်."

"ဆေးခန်းလေ ကလေး .....ကလေးဗိုက်အောင့်လွန်းလို့မေ့လဲသွားတာ."

"အော်!"

ရိပေါ်လဲ ကျန့်ကျန့်လေးကိုထူပေးလိုက်သည်။

"ဖွားဖွား လဲရောက်နေတာလား...."

"ဟုတ်တယ်မြေးလေး နေလို့အဆင်ပြေရဲ့လား !"

"ဟုတ် ပြေပါတယ် သားနေကောင်းပါတယ်ဖွားဖွား..."

"ဟိုလေ ကိုကို...ကလေးလေ ကိုကို့စကားနားထောင်ပါ့မယ် ကိုကိုပေးမလုပ်တာ ကလေးဘာမှမလုပ်တော့ပါဘူး ..ကလေးမဆိုးတော့ပါဘူး နော်
ကလေးကို မပစ်သွားနဲ့နော်.....ကလေးလေ ဘေဘီသေးသေးလေးတွေလဲ မမွေးတော့ပါဘူး...!"
ဝမ်ရိပေါ် လက်ကိုကိုင်ပီး ပြောနေတဲ့ကျန့်ကျန့်လေးကြောင့်

"ကလေးလေး ကိုကို့ကိုကြည့် ...ကိုကိုလေ ကလေးကိုဘယ်တော့မှမပစ်သွားပါဘူး ကိုကို ကပဲ ကလေးကိုတောင်းပန်ပါတယ်နော် အခုတလော ကိုကိုက ကလေးကိုပစ်ထားခဲ့မိသလိုမျိုးဖြစ်သွားတယ် !"

  💚Sweet Love❤️(Completed)Onde histórias criam vida. Descubra agora