Episode-(6)

5.5K 588 58
                                    

Zawgyi Version

"သားကြီး ကြာလှချည်လား..."

"လာပြီမလား...အရစ်မရှည်နဲ့...အမြန်ဒိုးမယ်..."

ဝူကျဲ့ကားနဲ့သူ့ဆိုက်ကယ်ကိုတော့ကလပ်ရှေ့တစ်နေရာမှာပဲဆက်ရပ်ထားပြီးသိပ်မဝေးတဲ့
ကာရာအိုကေခန်းဆီခြေလျင်ပဲသွားဖို့ဆုံးဖြတ်လိုက်တာရိပေါ်ရဲ့ပထမဆုံးအမှားပဲ။

"စိတ်မရှိရင် ကိုယ်ရောလိုက်ခဲ့လို့ရလား..."

ဝမ်ရိပေါ်ကအကြီးအကျယ်ထိတ်လန့်သွားသလိုဝူကျဲ့တို့ဘက်ကျောပေးရင်းရှောင်းကျန့်ကိုမျက်နှာချင်းဆိုင်လိုက်သည်။

လက်ကိုအသာမြှောက်ကာလည်ပင်းမှာကန့်လန့် ဖြတ်ပုံစံလှီးသလိုလုပ်ပြရင်းဖိုက်တာလိုခြိမ်းခြောက်သော်လဲဘိုး‌တော်ကဖြုံပုံတောင်မရ။ခပ်ပြုံးပြုံးနဲ့ရိပေါ်ကိုပဲဒရာမာတွေထဲကလိုချစ်မဝတဲ့ဇာတ်လိုက်ပုံဖမ်းပြီးကြည့်နေပြန်တယ်။

ဘယ်လိုဖြစ်သွားတာလဲ။ကမ္ဘာကြီးကဇောက်ထိုး မိုးမျှော်ဖြစ်သွားတာလား။သူသိခဲ့တဲ့ရှောင်းကျန့်ကဒီလိုမဟုတ်ပါဘူး။ဒါမှမဟုတ်ဒီသုံးနှစ်အတွင်းမှာရှောင်းကျန့်အကြောင်းနောကြေအောင်သိနေပြီပါဆိုတဲ့သူ့အတွေးကမှားခဲ့တာလား???

"ဟို...ရှောင်းလောင်ရှီးက ဘယ်လိုဖြစ်လို့လဲဟင်..."

ဝူကျဲ့ကအရဲစွန့်မေးလိုက်တော့ရှောင်းကျန့်က
လက်အသာပိုက်ရင်းမေးဆတ်ပြသည်။

"အင်း...ကိုယ်နဲ့ချိန်းထားတဲ့တစ်‌ယောက်က
ပြန်သွားပြီဆိုတော့ ကိုယ်လဲအိမ်မပြန်ချင်သေးဘူး...ဒါကြောင့်မင်းတို့နဲ့အတူ ဒီတစ်ညတော့
လူငယ်ဘဝကို ပြန်ဖြတ်သန်းကြည့်မလားလို့ပါ... ကိုယ်ကျောင်းသားဘဝတုန်းကလဲ တစ်ခါလား
နှစ်ခါလားမသိပဲ night out ထွက်ဖူးတာလေ...
တော်တော်ကြာကြာဆိုတော့ မေ့တောင်နေပြီ..."

"ဒိတ်အောက်နေတဲ့အဘိုးကြီး..."

အသံမျှင်းမျှင်းနဲ့ပါးစပ်လှုပ်ပုံကိုကြည့်ပြီး
ဝမ်ပေါင်ပေ့ဘာပြောလိုက်တယ်ရှောင်းကျန့်
ခန့်မှန်းမိတာမို့သွားတွေပါပေါ်သည်အထိ
ရယ်ချင်လာရော။

"ဟုတ်...အဲ့ဒါကလေ ကျွန်တော်တို့က
ကာရာအိုကေသွားဆိုမှာဆိုတော့...
ရှောင်းလောင်ရှီးက အဆင်ပြေပါ့မလား..."

My baobei always thought that I didn't love him Donde viven las historias. Descúbrelo ahora