part 7

3.5K 290 7
                                    

(Zawgyi)

၎ရက်​..
၎ရက်​ရှိပြီ..။ရှောင်းကျန့်​က ယီကျိုးနဲ့ ​နေ့လည်​စာမစားဖြစ်​တာ။ရိ​ပေါ်ကို​ရှောင်​​နေတာလို့ ​ပြောရင်​ ပိုမှန်​လိမ့်​မယ်​။

မနက်​ဆိုလည်း အတန်းတက်​ခါနီးမှ ​ရောက်​လာတတ်​သလို ​နေ့ခင်းဆိုလည်း အိမ်​ကိုလာကြိုခိုင်းပြီးမှ အိမ်​ပြန်​ပြီး​နေ့လည်​စာ စားဖြစ်​တဲ့အ​ကြောင်း​တွေ ယီကျိုးဆီကတဆင့်​ သိရတယ်​။

ဟို..​အားလုံးက ​ကျောင်းပိတ်​ရက်​က ဖြစ်​သွားတဲ့ ကိစ္စရဲ့  အကျိုးဆက်​​တွေပဲ။ အဲ့​နေ့က ရိ​ပေါ်ကို​အော်​​ပြောပြီး မျက်​ရည်​ဘူးသီး​လောက်​​တွေ လှိမ့်​ကျ​နေတဲ့ ​ရှောင်းကျန့်​​ကြောင့်​ ​ခြေမကိုင်​မိ လက်​မကိုင်​မိဖြစ်​ခဲ့​သေးတယ်​။အနမ်းခံရလို့ ငို​နေတာ​လေးက တကယ့်​က​လေး​လေးပဲ။

အဲလိုက​လေးဆန်​လွန်းတဲ့ အပြုအမူ​တွေကပဲ ပိုတိုးပြီးချစ်​မိ​စေတာကို ခများ​လေးက မသိ​လေ​ရောသလား။ ဖြူဥ​နေတဲ့ ပါးပြင်​​ပေါ်က မျက်​ရည်​ဥ​လေး​တွေက ပုလဲလုံး​တွေလိုပဲ သိပ်​လှတယ်​။

ခများ​လေးက ငို​နေရင်​လည်းသိပ်​လှတယ်​။ ရယ်​လိုက်​ရင်​ အထင်းသား​ပေါ်လာတဲ့ မှဲ့နက်​​လေးကိုလည်း သတိမထားဘဲ မ​နေနိုင်​ဘူး။မိုနာလီဇာရဲ့ အပြုံးက သိပ်​လှပါတယ်​ဆိုတဲ့ လီယိုနာဒိုဗင်​ချီကို ​ခေါ်ပြီးပြလိုက်​ချင်​တယ်​။ခများ​လေးပြုံးတာ ကမ္ဘာ​ပေါ်မှာ အလှဆုံးပါလို့။အပြုံးတခုတည်းနဲ့ ​သေလို့ရတယ်​ဆိုတာ ပထမဆုံးအကြိမ်​​သေလို​ရတယ်​ဆိုတဲ့စကားက အပိုမဟုတ်​ခဲ့ဘူးဆိုတာ ပထမဆုံးအကြိမ်​ လက်​ခံဖြစ်​ခဲ့တယ်​။

(ချစ်​တယ်​လို့ ​ရှောင်းကျန့်​ရာ..ကိုယ်​မင်းကို တကယ်​ချစ်​တာ
ကိုယ့်​အချစ်​​တွေနဲ့ ကျိန်​ဆိုပါတယ်​.. reply​လေး​တော့ ပြန်​လုပ်​​ပေးပါ .. please..)

ဒါ..၄ရက်​အတွင်း အ​စောင်​ ၅၂၀ ​မြောက်​ ပို့မိတဲ့ မက်​​ဆေ့ခ်ျ​​လေးပဲ။ခင်​များတို့သိကြလား..။ဆီပူမီးပူထဲထည့်​​ကြော်​ခံရမှ ငရဲမဟုတ်​ဘူးဆိုတာ။ကိုယ်​ချစ်​တဲ့သူဆီက​နေ ဥ​ပေက္ခာလှလှ​လေး ရထားတာလည်း ငရဲပါပဲ။

Hăo Jiŭ Bù Jiàn(好久不见)(Completed )Onde histórias criam vida. Descubra agora