ဧကရာဇ်ရဲ့အချစ်တော်(Part-8)ဧကရာဇ္ရဲ့အခ်စ္ေတာ္

8.8K 679 15
                                    

"အားချင်.."

"ဟုတ်ကဲ့သခင်လေး.."

"အရှင်ကဘယ်လိုလူမျိုးလဲသိလား.."

"ဧကရာဇ်ကမြင့်မြတ်ပြီး တန်ခိုးဩဇာကြီးမားတဲ့
ရှင်ဘုရင်တစ်ပါးပါသခင်လေး.."

"အာ..ငါမေးတာအဲ့လိုမဟုတ်ဘူး။သူ့ကိုကွာ..သာမန်ယောက်ျားတစ်ယောက်လို့ပဲ
မြင်ကြည့်၊အဲ့လိုဆိုသူကဘယ်လိုလဲ.."

"အင်း..အဲ့လိုဆိုရင်တောင်ဧကရာဇ်က အရမ်းကိုပြည့်စုံတဲ့ယောက်ျားတစ်ယောက်ပါပဲ
အရည်အချင်းလည်းရှိတယ်၊စိတ်သဘောကလည်းအရမ်းဖော်‌ေရွတာမျိုးမဟုတ်ပေမဲ့၊ယုတ်မာတဲ့စိတ်မျိုးမရှိဘူး။ပြီးတော့..
ရုပ်အဆင်းကလည်းတင့်တယ်လွန်းတယ်
လေသခင်လေးရဲ့..ဟီးး.."

"အမလေးးသူတို့သခင််ကို မြှောက်ပင့်နေလိုက်တာ၊လိပ်မတွေ.."

"အယ်..ကျွန်တော်မျိုးမထင်သလို သခင်လေးလဲတွေးမိတယ်မဟုတ်လားရှင့်.."

ဝေ့ရင်းစဉ်းစားမိသွားသည်။အမှန်ဆိုသူလည်း
ဧကရာဇ်ကိုစတွေ့ထဲက အားချင်လိုပဲ တွေးထင်ခဲ့မိသည်လေ။

"အဟမ်း..!မတွေးမိပါဘူး..သူ့ကိုငါက
စိတ်တောင်မ၀င်စားဘူး.."

"ဘယ်သူလဲ..!!"

ဝေ့ရင်းအဆောင်တော်ထဲကနေအစောင့်တွေရဲ့ အသံကြားလိုက်တာကြောင့် အပြင်ကိုလှမ်းကြည့်လိုက်သည်။

"အားချင်..အပြင်မှာဘာဖြစ်နေတာလဲမသိဘူး.."

"ကျွန်တော်မျိုးမသွားကြည့်လိုက်ပါ့မယ်.."

"အယ်..ငါလည်းလိုက်မယ်.."

"မင်းဘယ်သူလဲ၊ပဒုမ္မာနန်းဆောင်ဘက်ကို ဘာလာလုပ်တာလဲ..!!"

"အော်..ဒီနေရာကပဒုမ္မာနန်းဆောင်တဲ့လား။
၀င်လို့မရဘူးလား..ကောင်းကောင်းပြောလည်းနားလည်ပါတယ်။ဘာလို့အော်နေတာလဲ.."

"ဘာဖြစ်နေကြတာလဲ.."

"သခင်လေး..!ဒီလူကနန်းဆောင်ဘက်ကို၀င်ဖို့လုပ်နေလို့ပါ.."

"ငါ၀င်ဖို့မလုပ်ပါဘူး..မင်းတို့လျှောက်မစွပ်စွဲနဲ့..!"

"ခနလေး.!ဒီကအစ်ကိုက ရွှယ်ယန်နဲ့ပါလာတဲ့ တစ်ယောက်မဟုတ်လား.."

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Wo Geschichten leben. Entdecke jetzt