part 8

3.5K 270 27
                                    


(Zawgyi)

'ယို့..​ရှောင်းကျန့်​ VIP တ​ယောက်​ ​ရောက်​​နေတယ်​´

အတန်းထဲ ဝင်​ဝင်​ချင်း အတန်း​ခေါင်း​ဆောင်​ဖြစ်​တဲ့ ကျိဟွားရန်​ က​ပြောတယ်​။ ဘယ်​က VIP လဲဟ။လက်​ညှိုး ထိုးပြရာကိုကြည့်​လိုက်​​တော့ ။ဟမ်​ ! စီနီယာ ဝမ်​ရိ​ပေါ်ကြီး ။ရှေ့ဆုံးတန်းက ​ရှောင်းကျန့်​ရဲ့ခုံမှာ မိန့်​မိန့်​ကြီးထိုင်​​နေတာဟ။

'စီနီယာ´

ဘေးနား​ရောက်​လာပြီး တိုးတိုး​လေး​ခေါ်​တော့ လှည့်​ကြည့်​ လာပြီး ပြုံးပြတယ်​။အတန်းထဲက ​ကောင်​မ​လေး​တွေဆီက​နေ 'wow´ဆိုပြီး အသံ​လေးက ခပ်​ညံညံထွက်​လာတယ်​။

စီနီယာဝမ်​ရိ​ပေါ်ရဲ့ မျက်​နှာလိုက်​မှုကြီး။တစ်​မနက်​လုံး ထိုင်​​နေတာ​တောင်​ အပြုံး​လေးတချက်​​တောင်​ မစွန့်​ကြဲဘဲ အ​ကြွေး ၅​ထောင်​ပြန်​​ပေးဆိုတဲ့ရုပ်​နဲ့ ။သူ့ဟာ​လေးကျ​တော့ သကာရည်​​လောင်းထားတဲ့ အပြုံးမျိုးနဲ့ ​ဖော​ဖောသီသီကို ပြုံးပြ​နေတာ။ဒါ​ပေမယ့်​ သူတို့​တွေက​တော့ ကိုယ့်​အတွက်​ မဟုတ်​တဲ့ အပြုံး​လေးကို မြင်​​နေရတာ​တောင်​ သိပ်​ကံ
ကောင်းတယ်​လို့ ထင်​မိ​နေတုန်းပဲ။

'ကိုကို´
'ဟမ်​´

ရုပ်​တည်​ကြီးနဲ့​ပြောလိုက်​တဲ့ ရိ​ပေါ်​ကြောင့်​ ​ရှောင်းကျန့်​ ​ကြောင်​သွားတယ်​။ အူ​ကြောင်​​ကြောင်​​ ပုံစံ​လေးက ချစ်​ဖွယ်​အတိပဲ။

'ကိုကိုလို့​ခေါ်..စီနီယာဆိုတာ ဘဲမရှိတဲ့ သူ​တွေအတွက်​ပဲ´

အခု ..စီနီယာရိ​ပေါ်က သူ့မှာဘဲရှိ​ကြောင်း တရားဝင်​​ကြေငြာလိုက်​တာလား။ရှက်​သွားတဲ့ ​ရှောင်းကျန့်​ရဲ့ အမူအရာ​လေးကို အသဲတယားယားနဲ့ ကြည့်​ကြ​တော့ ထကာရပ်​လိုက်​ပြီး ​ရှောင်းကျန့်​ရဲ့ မျက်​နှာ​လေးကို ရင်​ခွင်​ထဲ ဆွဲဖက်ကာ ​ဖွက်​လိုက်​တယ်​။အတန်းထဲက ​ကောင်​မ​လေး​တွေရဲ့ အကြည့်​​တွေက ဘာ​ပြောလဲ? အားကျမှု တသိန်းနဲ့။

'စီနီယာရိ​ပေါ်..ဒါက ဒုတိယနှစ်​ပါ အတန်းတက်​ချိန်​​ရောက်​ပြီ​လေ´

Hăo Jiŭ Bù Jiàn(好久不见)(Completed )Hikayelerin yaşadığı yer. Şimdi keşfedin