Ch 14

206K 12.8K 1.6K
                                    

Unicode

လက်က နာရီကို သူရိန် တစ်ချက်ငုံ့ကြည့်လိုက်သည်။ ဒီနာရီလေးကြည့်တိုင်း ပျော်ရ၏ ဦးဝေပေး ထားတဲ့နာရီလေးဖြစ်တာကြောင့် အချိန်တိုင်းနီးပါးလက်မှာရှိနေတတ်သည်။ 11 နာရီခွဲကိုပြနေတဲ့ အချိန်ကြောင့် လွယ်အိတ်ကောက်ဆွဲပြီး အတန်းထဲက ထွက်လာခဲ့သည်။ ညနေပိုင်း အတန်းမရှိတာကြောင့်သူငယ်ချင်းတွေစုပြီး ပြည်သူ့ရင်ပြင်သွားကြဖို့ တိုင်ပင်တည်းက မလိုက်ချင်ဟု ငြင်းထားရ၏ ထို့ကြောင့် အခုသူရိန် တစ်ယောက်တည်းကျန်နေခဲ့သည်။ အတင်းခေါ်ကြပေမယ့်သူရိန်မလိုက်ချင်ပါ။ ဦးဝေကိုပြောရင်လွှတ်မှာဖြစ်ပေမယ့် လူအများကြီးနဲ့ တရုန်းရုန်းသွားရတာကိုမကြိုက်တာကြောင့် ငြင်းလိုက်ခြင်းဖြစ်သည်။ third year က စီနီယာတွေရော first year က အငယ်တွေရောပါတာကြောင့် စိတ်ရှုပ်ရသည်။ လူများရင်ပြဿနာများသည်လေ။ နဂိုတည်းက ပြသနာက မခေါ်ပဲရောက်လာတတ်တာကြောင့် ရန်ဖြစ်နိုင်သည့်နေရာတော်တော်များများကိုသူရိန်ရှောင်နေရသည်။

နေ့လည်တစ်ခုခုအဆာပြေစားပြီး ကျောင်းရှေ့ ထွက်လာခဲ့လိုက်၏ လွယ်အိတ်ထဲက စုပ်လုံးတစ်လုံးနှိုက်ပြီးပါးစပ်ထဲကောက်ထည့် ၍ အရှေ့ပဲ အာရုံစိုက်လျှောက်လာလိုက်သည်။ စုပ်လုံးတစ်လုံးပါးစပ်ထဲထည့် ပြီး လွယ်အိတ် တစ်ဖက်တည်းလွယ်ရင်းလျှောက်လာတဲ့ပုံစံ က လည်ပြန်ငေးသွားတဲ့ မိန်းကလေးတွေအတွက် ကြွေချင်စရာဖြစ်ပေမယ့် ယောကျာ်းလေးတွေအတွက် ချောင်းရိုက်ချင်စရာရုပ်ဖြစ်နေတာတော့မတတ်နိုင်။

ကျောင်းရှေ့ရောက်လာပြီးမှ အိမ်မပြန်ချင်သေးတာကြောင့် တစ်ခုခုကိုစဥ်းစားမိပြီး ဖုန်းကိုထုတ်ပြီး နံပါတ်တစ်ခုကိုဆက်လိုက်၏ တီ..ဟူသော အသံရှည်နှင့် ဝင်သွားသည့် ဖုန်းကို ရင်ခုန်စွာစောင့်နေမိသည်။

*သူရိန်*

ခပ်ရှရှ ထွက်လာသော အသံသည်နူးနူးညံ့ညံ့နှင့်။ နာမည်ခေါ်လိုက်တိုင်း လုံခြုံနွေးထွေးမှုတို့ပါစီး၀င်စေသည့် ဦးဝေ၏ အသံသည် သူရိန့်အတွက်မည်သည့်အခါမှ မရိုးသွားနိုင်သည့်အရာလည်းဖြစ်သည်။

"ဦးဝေ..အလုပ်မှာလားဟင်"

*အင်း.....ဘာဖြစ်လို့လဲ*

သက်ဆိုင်သူ (Unicode+Zawgyi)Where stories live. Discover now