(UNICODE Version..)⬇️⬇️⬇️⬇️တစ်နေ့တာကတော့ တစ်ဖန်အစပျိုးလာပြန်သည်......။
မြင်တွေ့နေကျမြင်ကွင်းလေးတွေကလဲ ရိုးတယ်ဟု မရှိနိုင်.....။
ထိုင်ခုံလေး၏အစွန်းနှစ်ဖက်မှာ ထိုင်နေသည့််သူနှစ်ယောက်ကတော့...ရင်းနှီးမှုမရှိကြသည့်နှယ်...။သို့ပေမဲ့..နှစ်ပေလောက်သာကွာသည့်အကွာအဝေးကြောင့် သူတို့၏နှလုံးသားက မိုင်တစ်ထောင်ဝေးသလို ခံးစားနေမည်အား..ဘယ်သူသိနိုင်ပါလိမ့်မလဲ.....။"ပြောစရာရှိလို့ဆို..."
နေမင်းခ..လရောင်ခြယ်ဘက်သို့လှည့်မကြည့်ပဲ ပြောလိုက်သည်....။
လရောင်ခြယ် တစ်ချက်သာ လှည့်ကြည့်လာပြီး...သူမလည်း အနှီလူသားကဲ့သို့ပင် မျက်နှာလွှဲလိုက်၏....။"ခြယ် ပွင့်ပွင့်လင်းလင်းပြောချင်လို့ပါ...ခြယ်တို့နှစ်ယောက်ကြားမှာမပြောဖြစ်ပေမဲ့...စိတ်ခုတာတွေကများနေပြီမဟုတ်လား..."
နေမင်းခ ဘာမှပြန်မပြော...။
မရွှင်ပြသည့်မျက်နှာ..တင်းမာသည့်မျက်နှာထားအား...လရောင်ခြယ် မျက်လုံးထောင့်လေးမှ မြင်နေရသည်.....။"ခြယ် ပြောချင်တာကလေ..."
"လမ်းခွဲစကားလား"
နေမင်းခ ဖြတ်ပြောလိုက်သည့်စကားကြောင့်...လရောင်ခြယ် မျက်လုံးလေးကျုံ့ကာ လှည့်ကြည့်မိသည်.....။
မဲ့ပြုံးတစ်ချက်နှင့် နေမင်းခ၏မျက်နှာကိုမြင်လိုက်ရတော့...၀မ်းနည်းစိတ်က၀င်လာ၏...။"မင်းခ...ဘာလို့ အဲ့လိုပြောတာလဲ..ခြယ်က ခြယ်တို့နှစ်ယောက် ပွင့်ပွင့်လင်းလင်းတိုင်ပင်ချင်လို့လေ... "
"ဟက်...ငါလဲပွင့်ပွင့်လင်းလင်းပြောတာလေ..."
"မဟုတ်သေး..."
ဆက်ခနဲ ထရပ်လိုက်သည့်နေမင်းခကြောင့်..လရောင်ခြယ် စကားလုံးတို့ရပ်တန့်သွားသည်...။
နေမင်းခ၏အပြောကိုသာ..ရင်လေးစွာစောင့်နေလိုက်၏....။"လရောင်ခြယ်...ငါမင်းကို တဲ့ပဲပြောတော့မယ်...ငါတို့နှစ်ယောက်ကြားထဲမှာ လင်းရောင်ခနဲ့ထက်ကောင်းယံကိစ္စကြောင့် ပြသနာဖြစ်ရမယ်ဆိုတာ..မရှိစေရဘူး...ငါမင်းကိုစိတ်လဲမဆိုးဘူး.. ဒါပေမယ့်..ဘုန်းနေသော်နဲ့ပက်သက်ပြီး ငါမင်းကိုစိတ်ပျက်မိတယ်..."
YOU ARE READING
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............