_Ni Ni....ဒါ ဒါက
သူမလေး အပြင်မှာအေးနေမှာစိုးလို့ ယူလာပေးတဲ့ အနွေးထည်လေးဟာ အခုတော့ ပိုင်ရှင်မရှိတော့ အောက်ကိုကျသွားပြီး ညာဘက်လက်မှာ ကိုင်ထားတဲ့ လက်စွပ်ဗူးလေး ဟာလဲ ကြမ်းပြင်ထက်အရှေ့မှာ မြင်လိုက်ရတာက ကိုယ့် ရဲ့ သေလောက်အောင် ချစ်ရတဲ့ ကောင်မလေးကို ကောင်လေး တစ်ယောက်က အနွေးထည်မလိုအောင် ဖက်ထားပေးတဲ့ မြင်ကွင်း.....
_အော် လီလီ လာလေ နင်အလုပ်ပြီးတဲ့ချိန်ထိစောင့်ရတာလဲ အကြာကြီးပဲ
_အင်း ဟုတ်တယ် ဒီနေ့လူများနေလို့လေ ဒါနဲ့သူက
_အော် သူက Mino တဲ့ ငါ့ချစ်သူ
_ချစ် ချစ်သူ ဟုတ်လားnini
_ဟုတ်ကဲ့ ကျနော်က NiNi သတို့သားလောင်း Minoပါ
လီဆာ ရှေ့ကို လက်နှုတ်ဆက်ဖို့ရောက်လာတဲ့ လက်တစ်စုံကို မျက်ကွယ်ပြုပြီး
_NiNi သူပြောတာ အမှန်ပဲလားဟင်
_ဟီး ဟုတ်တယ် ငါတို့မနက်ဖြန်ပဲလက်ထပ်တော့မှာ
_NiNi ကို ကားထဲကပဲ စောင့်နေလိုက်တော့မယ်နော်
_ဟုတ်ပြီ ကို စကားပြောပြီးရင် လာခဲ့မယ်လေနော်
(ထိုကောင်လေး ထွက်သွားတာနဲ့ ချက်ခြင်း)
_NiNi မင်း တို့က ဘယ်လို ချစ်သူတွေဖြစ်သွားတာလဲ ဘယ်ကတည်းကလဲ
_ငါပြောရင် နင်စိတ်မဆိုးနဲ့နော်
_ပြောမှသာပြောပါ
_သုံးလလောက်ရှိပြီ အိမ်က အစကတည်းကလဲ အမေ့သူငယ်ချင်းရဲ့သား နဲ့လက်ထပ်ရမယ် ဆိုတာလဲ သူပဲ ငါ နင့်ကိုရည်းစားစာ ရေးခိုင်းတယ်လေ လီဆာ ရဲ့ အဲ့တာ ကို့ ကိုပေးဖို့
(အားရပါးရ ပျော်ရွှင်စွာ ရှင်းပြနေတဲ့ ကောင်မလေးကဲ့ရှေ့မှာတော့ မျက်ရည်အဝဲသားနဲ့ ကြည့်နေတဲ့ကောင်မလေးတစ်ယောက်..)
_အော် ငါ့ကိုတောင် မပြောပြဘူးနော်
_ငါပြောပြရင် နင်စိတ်ဆိုးမှာပေါ့ သူနဲ့ဒီလို ချစ်သူတွေဖြစ်တာ နင့်ကြောင့်သိလား ငါနင့်ကိုကျေးဇူးတင်လိုက်တာလီဆာရယ် ကို ကလေ သူကလဲ ငါ့ကို ချစ်နေတာတဲ့ နင်ရှိလို့ မပြောရဲတာတဲ့
အခုတော့ နင့်ကျေးဇူးကြောင့်(ဒါပေါ့ NiNi နား ကပ်လာတဲ့ ကောင်လေးမှန်သမျှကို ကိုယ် ကပဲ ဖယ်ထုတ်ဖြေရှင်းခဲ့တာ နောက်မှ သူတစ်ကယ်ကြီးကို သဘောကျချစ်နှစ်သက် ပါတယ်ဆိုတဲ့ စီနီယာ အကိုကြီး ကို ပေးဖို့ ဆိုပြီး ကိုယ့် ကိုရေးခိုင်းတဲ့စာ..
အင်း အခုတော့ ကိုယ် ရေးပေးခဲ့တဲ့ စာလေးက သူတို့နှစ်ယောက်အတွက် တန်ဖိုးရှိသွားတယ်တဲ့လား)
_အော် ဟုတ်လား ဘယ်နေ့လဲ မဂ်လာဆောင် မဲ့နေ့က
_လီဆာ နင်လက်ခံတယ်ပေါ့ ကို့ ကို တော်သေးတာပေါ့ လီဆာ ရယ် ငါက ငါ့အချစ်ဆုံးသူငယ်ချင်းကြီး လက်မခံဘူးထင်နေတာ..
_ငါ လက်မခံရင်ကော နင်သူ့ကိုဖြတ်လိုက်မှာမို့လား
_ဟင့်အင်း ငါက ကို့ ကိုသိပ်ချစ်တာ အချစ်ဦး နဲ့ အချစ်ဆုံး ဒီတစ်သက် ကို့ တစ်ယောက်ထဲပဲ ကိုမရှိရင် ငါမဖြစ်ဘူး
_ငါမရှိရင်ကော ဖြစ်တယ် ဟုတ်လား ဂျပုမ
_မဟုတ်ပါဘူး နင် ကော မရှိရင်မဖြစ်ဘူး ဒါပေမဲ့ ကို ကငါ့လက်တွဲဖော်လေ တစ်ကယ်လို့ နင်လက်မခံရင်တောင် ငါက ကို့ ကိုပဲရွေးမှာ
(ခေါင်းငုံ့ပြီး ပြောနေသော ကိုယ် သိပ်ချစ်ရပါတယ်ဆိုတဲ့ NiNi အခုတော့ သူ့ကောင်လေးအတွက်နဲ့ ကိုယ် နဲ့ပါ အဆက်ဖြတ် နိုင်တယ်ဆိုတော့ ငယ်ငယ်ထဲက ပေါင်းလာတဲ့ လောကမှာ နှစ်ယောက်မရှိတဲ့ သူငယ်ချင်းကိုတောင်လေ Ni ရယ် မင်းက ချစ်စရာကောင်းသလောက် ရက်စက်တတ်လိုက်တာကွာ)
_လီဆာ လီဆာ
_imm
_အော် ငါ့ကို မျက်ရည် အဝဲသားနဲ့ကြည့်ပြီး အတိတ်မေ့နေတာလား ဘာလို့မျက်ရည်ကျနေရတာလဲ ငါ့သူငယ်ချင်းလေးရဲ့
(ကိုယ့် မျက်ရည် ကိုသုတ်ပေးဖို့ အုပ် ကိုင်လာတဲ့ လက်သေးသေးလေးတွေကို အပေါ်ကထပ်ကိုင်လိုက်တယ် အင်းး ဒါက နောက်ဆုံး ကိုင်ရမှာလဲ ဖြစ်နိုင်တယ် နောက်ဆို ကိုယ် သိတ်မြတ်နိုးတန်ဖိုးထားရတဲ့ ဒီ လက်လေးဟာ သူသိပ်ချစ်ပါတဲ့ ကောင်လေးဆီ ရောက်သွားတော့မှာ)
_ပျော်လွန်း လို့ပါကွာ နင် နောက်ဆုံးတော့ ချစ်ရတဲ့ သူနဲ့အတူတူနေလို့ရပြီလေ
_ဟုတ်တယ် ငါအရမ်းပျော်တာ နင်ကော ရှာဦးနော် ငါ့သူငယ်ချင်းလေး ငါ့အချစ်ဆုံးသူငယ်ချင်းလေးကို တစ်ယောက်တည်း မမြင်ချင်ဘူး ငါသွားပြီလီဆာ မဂ်လာဆောင် ကျရင် နင်ဆက်ဆက်လာရမယ်နော်
_ခန NiNi နောက်ဆုံး နောက်ဆုံး တစ်ခါအဖြစ် ဖက်လို့ရမလား
_ရတာပေါ့ ငါ့အချစ်ဆုံးသူငယ်ချင်းလေးရဲ့
(သူ့ဆီက အဖြေရပြီးပြီးချင်း ဖက်လိုက်တယ်
ဒီ ဒီခန္ဓာကိုယ် သေးသေးလေးကို နောက်ဆို မဖက်ရတော့ဘူး မနက်ဖြန်ဆိုတာနဲ့ ကိုယ် သိပ်ချစ်ရတဲ့ ကောင်မလေးဟာ တခြားလူရင်ခွင်ထဲ..)
_ရပြီ ပြန်တော့ မနက်ဖြန်ငါ ဆက်ဆက်လာခဲ့မယ်
_ဒါဆို တာ့တာ ငါတို့နဲ့ ပြန်မလိုက်ဘူးလား အိမ်လိုက်ပို့ပေးမယ်လေ
_ရပြီ ငါသွားစရာလေးရှိသေးလို့
_အေးအေး ဂရုစိုက်ဦးနော် ငါသွားပြီ
_ခနလေး Ni
_အင်း ပြောလေ
_ငါ့မျှော်လင့်ချက်တွေအကုန် အကုန် တစ်စစီ ဘာမှမရှိတော့ Niရယ် ကျေးဇူးပြုပြီးစကားပြောရင် ငါ့အချစ်ဆုံးသူငယ်ချင်းလို့ ထည့်မသုံးလို့ မရဘူးလားဟာ အဲ့စကားလေး တစ်ခွန်းက
အချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ အဖြူရောင်စည်းကို ကျော်ဖို့အင်အားမရှ်ိဘူး ဖြစ်နေတယ် Ni ရဲ့
ကိုယ် နောက်ကျခဲ့တာ ခြေလှမ်းတစ်လှမ်းပဲထင်တာ
ဘယ်ဟုတ်မလဲ ကိုယ်က ခြေလှမ်းဖို့တောင် အစကတည်းကမေ့နေတာ မင်းပါးစပ်က အဲ့စကားလုံးထွက်လာတိုင်း ကိုယ့်မှာ မင်းများမုန်းသွားလေမလား ဆိုပြီး ကြောက်နေခဲ့တာ သိရဲ့လား Ni ရဲ့
မင်းပြန်ချစ်လာဖို့ ကိုယ် ကြိုးစားနေရတာတွေကို မမြင်ချင်ယောင်ဆောင်တာလား Niရာ
မင်းေကြာင့် ငါအမြဲဲနာကျင်နေရတယ်ဆိုတာ မင်းမသိတာလားဟမ် အိမ်မက်ထဲထိတောင် ငါ့ကိုအမြဲနာကျင်စေခဲ့တာ
Niရာ မင်းက ကိုယ့်ကို အိမ်မက်ထဲမှာတောင် ပျော်ရွှင်ခွင့်မပေးဘူး မဖြစ်နိုင်ဘူးဆိုပီး အမြဲ ရုန်းထွက်ဖို့ကြိုးစားနေခဲ့ရတာ ဟိုး အလယ်တန်းလောက်ထဲက ချစ်ခဲ့ကတာလဲ မင်းအသိ မင်းမသိချင်ယောင်အမြဲဆောင်နေခဲ့တာ အနည်းဆုံးတော့ ငါ့အချစ်ကို အသိမှတ်တော့ပြုပေးသင့်တယ်မလား
ငါနာကျင်ခံစားရသလို မင်းလဲ ခံစားရမှ ငါ့ကို နားလည်ကိုယ်ချင်းစာပေးနိုင်မှာလား နင်က ငါ့အတွက် ဘယ်လောက်အရေးပါလဲဆိုတာလဲ နင်အသိဆုံး Niရာ
ငါ့အတွက် နင့်ရင်ထဲမှာ နေရာသေးသေးလေးတောင်မရှိဘူးလား
မင်း တစ်ယောက်ကိုပဲ ကြည့်နေခဲ့ခဲ့မိလို့ ငါ့ကိုယ်ငါ ကြည့်ဖို့ ငါ့ကိုယ်ငါ ချစ်ဖို့တောင် မေ့နေခဲ့တာ နင်အဲ့တာတွေသိရဲ့လား ဟမ် အမြဲငါ့မှာ ရှင်ရက်နဲ့သေနေရသလိုပဲ နင်ပြန်မချစ်နိုင်မှန်းမသိပေမဲ့ ငါမဟုတ်တဲ့တခြားတစ်ယောက်ကို ချစ်နေတာသိပေမဲ့လဲ ကျေးဇူးပြုပြီး နည်းနည်းလေးတောင် ငါ့အချစ်ကို အသိမှတ်မပြုပေးနိုင်ဘူးလား ငါမင်းနေရာမှာသာဆိုရင်လေ.
_လီဆာ နင် နင်ဘာတွေပြောနေတာလဲ ငါတို့က မိန်းကလေးလေ တော်ပြီ လီဆာ ငါပြန်တော့မယ် မနက်ဖြန် လာခဲ့ဦးနော်သွားပြီ ကားအနက်ရောင်လေးက ဘေးနားကနေဖြတ်သွားခဲ့ပြီ
နောက်ပြန်လှည့်ပီး ခုနက ကျသွားတဲ့ ဗူးလေးကို ဖွင့်လိုက်တော့ လက်စွပ်လေးက လှောင်ပြောင်နေလေရဲ့
ထူးဆန်းတယ်...မငိုမိဘူး မျက်ရည်ကျရုံပဲ ဒါပေမဲ့ အတွင်းပိုင်းမှာ အကုန်လုံး ဘာမှမကျန်တော့လောက်အောင် ကြေမွပျက်စီးသွားပြီ လက်စွပ်လေးကိုကြည့်ပြီးငါသာမင်းနေရာမှဆိုရင်လေ ငါ့ကိုပြန်ချစ်ပေးမှာ...
(ဖတ်လို့မကောင်းရင် ဆောရီး ပါဗျာ ဒီကလဲ မရေးတတ်ဘူးရယ်😔)
သူငယ်ချင်း တဲ့ဗျာ ကြားရတာ ချိုမြိန်ပေမဲ့ အဖြူရောင်ကို အရောင်ဆိုးနေမိတဲ့ သူတွေအတွက်ကတော့ ခံစားရတာ ငရဲလိုပဲ💔