Unicode
အေးမြတဲ့ ဆောင်းရာသီရဲ့လလယ်ပိုင်းကို ရောက်လာပြီဆိုတော့ နှင်းတွေက မြေပြင်ပေါ်ကို အဆက်မပြတ်ကျနေပြီ။ ချမ်းတယ် တော်တော့်ကိုချမ်းတယ်။ အေးလဲအေးတယ်။ အချို့နေရာတွေမှာဆို နှင်းတွေနဲ့ကားလမ်းတွေချော်နေတာကြောင့် accidentတွေတောင်ဖြစ်တယ်ကြားတယ်။ လေပြေတွေအေးတာကြောင့် နေခြည်ဖြာနဲ့သာနွေးရတယ်။ ဒီနေ့ညနေခင်းလဲ အနွေးဓါတ်ပေးတဲ့ ရွှေဝါရောင်နေမင်းကြီးက အနောက်ဘက်ကို တိမ်လျှိုးပျောက်ကွယ်သွားတော့ အအေးဓါတ်ကပိုပိုစိမ့်လာပြန်တယ်။
"Lalisaရေ နင်ဧည့်ကြိုကောင်တာမှာ ခဏနေပေးပါလားဟင် ငါအလုပ်ကိစ္စရှိလို့"
"ဪ အေး ရတယ်ရတယ် ပြီးရင်လည်း ငါ့အလှည့်ရောက်တော့မှာပဲ ကွက်တိဖြစ်သွားတာပေါ့"
Lalisa သူမနဲ့အလုပ်တူတူလုပ်နေတဲ့ ဟိုတယ်ဝန်ထမ်းသူငယ်ချင်း Somi ကိုပြန်ပြောလိုက်ခြင်းဖြစ်သည်။ Lalisa ကောင်တာက Somi နေရာမှာရပ်နေရင်း ဧည့်သည်တွေအလာကို ညာဘက်လက်ညိုးထိပ်ကလေးနဲ့ခုံကို တဆက်ဆက်ခေါက်ရင်းစောင့်နေလိုက်တယ်။ မျက်လုံးကလဲ ဟိုကြည့်ဒီကြည့်။
Lalisa အလုပ်လုပ်တဲ့ ဟိုတယ်ကြီးက တခမ်းတနားတော့ရှိတယ်။ မဟုတ်ဘူး တော်တော့်ကိုခမ်းနားကြီးကျယ်တာ။ သာမန်လူတန်းစားတွေလာတာနည်းပြီး နာမည်ကြီးအထက်တန်းစားလူတွေ ထိတ်ထိတ်ကြဲလူတွေပဲလာတည်းလေ့ရှိတော့ အလုပ်ကိုသေချာဂရုစိုက် စေ့စေ့စပ်စပ်လုပ်ရတယ်။ ပင်တော့ပင်ပန်းတာပေါ့ ဒါပေမယ့် လစာကောင်းပါတယ်။
ပိုင်ရှင်ကလည်း ခေတ်အမြင်ရှိတော့ ဟိုတယ်အခမ်းအနားဒီဇိုင်းပိုင်းတွေပြင်ဆင်ထားတာသူမတူအောင် စိတ်ကူးဉာဏ်ကောင်းတယ်။ အတွေးအခေါ် ရှိသလို စည်းကမ်းတကျ သေချာစီမံခန့်ခွဲနိုင်တယ်။ အဲ့ဒါကြောင့် နိုင်ငံခြားဧည်သည်တွေလာတည်းတာများတယ်။ ဝန်ထမ်းတွေအကုန်လဲဖော်ရွေကြတယ် ရိုင်းပင်းကူညီကြတယ်။ ပိုင်ရှင်ကလဲ အလုပ်ကောင်းကောင်းလုပ်ရင် ဘောနပ်စ်တွေပါပေးတတ်တယ်။