Part-9

57 2 0
                                    

အခန်းလိုက်ကာစကို ထိုးဖောက်ပြီးထွက်ပေါ်လာတဲ့ နေရောင်နွေးနွေးနဲ့ အတူ
ရိပေါ်ရဲ့ မနက်ခင်းလေးဟာလှပလို့နေတယ်။
မနေ့က အကြောင်းပြန်တွေးပြီး ရိပေါ်
မျက်နှာမှာ လှပတဲ့အပြုံးလေးနေရာယူလေတယ်။
ရိပေါ်လေးတကယ်ကိုမထင်ထားခဲ့ဘူး
ကိုကိုနဲ့ချစ်သူတွေဖြစ်လိမ့်မယ်လို့ပေါ့။

"အွန်းးး "ရိပေါ်လေးဟာ အိပ်ယာပေါ်ကမထသေးပဲ ငုတ်တုတ်ထိုင်နေရင်းကနေ
လက်လေးတွေကိုမြှောက်ကာ အပျင်းကြောဆွဲလိုက်တယ်။
အပျင်းကြောဆွဲလိုက်တော့ ပေါ်လာတဲ့ဗိုက်သားဖွေးဖွေးလေးဟာ အသည်းယားစရာပေါ်ထွက်လာတယ်။ř😋

"ထ​ေတာ့မယ်ကွာ" ဆိုပြီးအိပ်ယာထကာမျက်နှာသစ်ရန်အတွက် ရေချိုးခန်းထဲသို့ တက်ကြွတဲ့ခေလြှမ်းတွေနဲ့ဝင်သွားလေတယ်။
"အားး!!"
မကြာပါဘူး ရေချိုးခန်းထဲကနေ အသံစူးစူးလေးထွက်လာတယ်။
ရိပေါ်ရဲ့အော်သံကြားတော့ ဝမ်ပါးပါးက
အပြေးလေးရောက်လာတယ်။

"သား ဘာဖြစ်တာလဲ"

"ပါးးရေ သားမထနိုင်တော့ဘူး"
ဟုတ် ဝမ်စပ်စလူးလေး ရေချိုးခန်းထဲချော်လဲခြင်းပါ😀

"သားရယ် ဘယ်လိုဖြစ်ရတာလဲကွယ်"

"ဟီးဟီး သားလောသွားလို့ ချော်လဲတာ"

"ကဲ ထ ပါးဆေးလိမ်းပေးမယ် ခါးနာသြားတာမလား"

"ဟုတ်"

"သားဒီနေ့ကျောင်းမသွားနဲ့တော့
အိမ်မှာပဲနားလိုက်တော့
ပါးကျောင်းကိုခွင့်တိုင်ပေးမယ်"

"ဟာ မဖြစ်ဖူး ပါး
သား စာတွေလွတ်သွားမှာပေါ့"
(ဟုတ်လို့လား ပေါက်စီလေးရယ်)

"တစ်ရက်လောက်ပျက်တာဘာမှမဖြစ်ပါဘူးသားရယ်
တော်ကြာ ကျောင်းတက်လိုက်မှပိုစိုးနေမယ်။အိမ်မှာပဲနေလိုက်ပါ"

"ဟုတ်ကဲ့ပါ ပါး"

"ကဲ ဆေးလိမ်းပြီးပြီး အလေးတွေမ မနက်နော် နားနေသိလားသား"

"ဟုတ်"

"ဒါဆိုပါးသွားပြီနော်"

"ဟုတ်ပါး"
"ဟူးး ဘာလုပ်ရမလဲ.ကိုကို့ကိုဖုန်းဆက်ပြီးခေါ်လိုက်မယ်"

 对不起 [Duìbùqǐ]Where stories live. Discover now